အင်အားပြင်းလွန်းလှတဲ့ နံ့သာဖြူနံ့ကြောင့် Omega တော်တော်များများသတိမေ့သွားကြသလို Alpha တော်တော်များများသည်လည်း မူးဝေယိုင်နဲ့သွားကာ အားပျက်သွားကြကုန်၏ ။ ထိုအထဲမှာ ဝမ်ချောင်းအပါအဝင်ဖြစ်သည်။ ဝမ်ချောင်းသည် လဲကျလုမတက်ဖြစ်နေသည့် ကိုယ်ဟန်ကိုထိန်းရင်း အားကြီးလွန်းလှတဲ့နံ့သာဖြူ pheromone နံ့လာရာဘက်ကို လှည့်လို့ကြည့်သည်။ ထိုအခါ ဝမ်ချောင်းမြင်လိုက်ရသည်က အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ထားပြီး ခန့်ညာသောခြေလှမ်းတွေနဲ့ ဘားအတွင်းဝင်လာသည့်လူတစ်ယောက်ကိုဖြစ်သည်။
ထိုလူသည်ခန့်ညာတဲ့ပုံစံရှိယုံမက တစ်လောကလုံးရှိ Alpha များကို ၎င်း၏ pheromone နဲ့အနိုင်ပိုင်းထားနိုင်သည့်အင်အားလည်းရှိသည်။ ထို့လူသည်ဖြောင့်တန်းနေသောခြေလှမ်းတွေနဲ့အတူ ဝမ်ချောင်းတို့ရှိရာဘက် လှမ်း၍လာနေသည်။ သို့ပေမယ့် ထိုလူရဲ့ဦတည်ဖက်က ဝမ်ချောင်းကိုတော့မဟုတ်ခဲ့။ ထိုလူရဲ့ဦးတည်ရာဘက်သည် ဝမ်ရိပေါ်ဆိုသည့် Omega လေးရှိရာဘက်သာဖြစ်သည်။ ထိုလူသည်က Sean သာဖြစ်သည်။
အညိုရောင်ရှိသောမျက်ဝန်းတွေသည် ယခုအခါပိုပြီးညို့မှိုင်းနေသည်။ နှုတ်ခမ်းပါးလေးကတင်းတင်းစေ့ထားသည်များ ထင်ရှားလွန်းလှတဲ့မေးရိုးတောင်ပို၍တင်းတည်နေ၏။ ထို့နောက် Sean သည် တစ်လောကလုံးရှိ Alpha များကို သူ့ရဲ့အားပြင်းလှသော pheromone နဲ့ဖိနိမ့်ထားကာ ဝမ်ရိပေါ်ရှိရာဘက်လျှောက်၍သွားသည်။ ဝမ်ရိပေါ်ရှေ့ရောက်ရင်ပင် ဝတ်ထားသည့်အပေါ်ဝတ်အားချွတ်ယူလိုက်ကာ နံ့သာဖြူ pheromone တွေမွှေးကြိုင်စွာထုတ်လွှင့်နေသော ဝမ်ရိပေါ် အပေါ်ကိုလွှမ်းခြုံလိုက်သည်။ ထို့နောက် ဝမ်ရိပေါ်ကိုယ်လုံးလေးကို အသာအယာပွေ့ချီယူသည်။
" သူ့အသာကို ဘယ်သူတွေထိသေးလဲ "
အေးစက်စက်မေးလာသည့် Sean စကားကို ကိုယ်ရံတော်ဘီတာလေးက ခေါင်းလေးခါသည်။
" ဘယ်သူမှမထိပါဘူး သခင် "
ဘီတာကိုယ်ရံတော်အဖြေအဆုံး Sean သည် ဘားအတွင်း၌ ပြိုလဲကျနေသည့် Alpha များအားလုံး ကြားနိုင်လောက်သည့်အသံအားနှင့် အာဏာပါသောစကားကိုဆိုလိုက်သည်။