" ဒယ်ဒီ "
အမဲရောင်များနဲ့သာအလှဆင်ထားသောအိပ်ယာထက် အဖြူရောင်ဝတ်စုံလေးကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ကာ ထိုင်နေသည့်ကောင်ကလေးသည် ရှောင်းကျန့်ကိုတွေ့သည့်အခါ ဝမ်းသာအားရခေါ်လာသည်။
မသိရင်ဆယ်နှစ်ဆယ်မိုးမတွေ့ရသည့်လူတွေလိုမျိုး။ တစ်ကယ်တမ်းတော့ ရှောင်းကျန့်နှင့်ထိုကောင်ကလေးမတွေ့ရသည်မှာ ရက်အနည်းငယ်သာရှိသေးသည်။
" အင်း "
အဝတ်ဘီရိုနားသွားရင်းထူးသည့်အခါ ထိုကောင်ကလေးကအိပ်ယာထဲကထ၍ ရှောင်းကျန့်နားကိုလျှောက်၍လာသည်။
" ညတုန်းကပြန်ရောက်တာဆို "
" အင်း "
" ကျွန်တော့အတွက်လက်ဆောင်ပါလား "
" ကိုယ်ကနယ်စပ်ကိုအပျော်သွားတာမဟုတ်ဘူးဆိုတာ မင်းသိတယ်မလားဝမ်ငယ် "
ရှောင်းကျန့်စကားကြောင့် ထိုကောင်ကလေးသည် နှုတ်ခမ်းလေးအသာထော်သည်။
" ဒါနဲ့ဒယ်ဒီ "
" အင်း "
" ကျွန်တော့ဆေးစစ်ချက်ထွက်လာပြီဆို "
" အင်း "
" ဘာတဲ့လဲ ကျွန်တော်က "
" Omega "
" ထင်သားပဲ ကျွန်တော်က Omega ပဲဖြစ်မယ်ဆိုတာ "
သူစိတ်ကူးထားတဲ့အတိုင်း Omega ဖြစ်နေ၍ ကျေနပ်သလိုပြောလာသည့်ကောင်ကလေးကို တစ်ချက်ကြည့်ကာ ဗီရိုထဲကရှပ်အိကျီတစ်ထည်ကိုယူဝတ်လိုက်သည့်ရှောင်းကျန့်။ ထို့နောက် အောက်ခံဘောင်းဘီတစ်ထည်နဲ့ စတိုင်ပန်တစ်ထည်ကိုဆွဲယူကာရေချိုးခန်းထဲပြန်ဝင်လိုက်သည်။
Omega ဖြစ်သူကမရှောင်ပေးမှတော့ Alpha ဖြစ်တဲ့သူကအလိုက်သိပေးရတော့မှာပေါ့။
ထို့နောက်အဝတ်အစားအပြည့်အစုံဝတ်ကာ ပြန်ထွက်လာသည်အထိ ကောင်ကလေးကနေရာကမရွေ့သေးပေ။
" ဝမ်ငယ် "
" ဗျာ "
" အိမ်ပြောင်းနေချင်လား "
ရေစိုနေတဲ့သဘက်ကိုတန်းမှာချိတ်ရင်းမေးသည့်အခါ ကောင်ကလေးကမျက်မှောင်ကုတ်သည်။