🖤💛
Sukumpantanasan စံအိမ်မှာတော့မနက်စောစော ဆူညံသံတွေနဲ့ပြည့်နေပါတယ်။perthရဲ့ဖခင်ရဲ့ဆူညံသံက သူတို့အတွက်ထူးဆန်းတာတော့မဟုတ်ပေ။ ခါတိုင်းလိုလိုထက်အခုကပိုဆိုးနေတာကြောင့်အကုန်တိတ်ဆိတ်နေကြသည်။
"အဖေ ဘာဖစ်နေတာလဲ ဘာဖစ်လို့ဒီလောက်ထိဒေါသထွက်နေရတာလဲ"
"Perthမင်းနဲ့မဆိုင်ဘူး မင်းဘာကိစ္စနဲ့အောက်ဆင်းလာတာလဲ"
Perthလဲအဖေဖစ်သူကဒေါသထွက်လွန်နေတာကြောင့်ဆက်မမေးတော့ပဲ သူအဖေမေးတာကိုပဲဖြေလိုက်တော့တယ်။
"မနက်ဖြန်ကျောင်းပြန်ဖွင့်မယ်ဆိုတာ အဖေကိုလာပြောတာပါ"
"ငါသိတယ်perth မင်းအဲ့ကိစ္စလေးနဲ့ငါ့ကိုလာပြောစရာမလိုဘူး မင်းကလေးမဟုတ်ဘူး ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆုံးဖြတ်သင့်တယ် "
Perthလဲအဖေဖစ်သူရဲ့စကားကိုကြားပီး ခေါင်းငြိမ့်လိုက်သည်။ထပ်ပီးတော့အဖေဖစ်သူမှ
"ဟျောင့်တွေသွားမယ် ဒီည အရေးကြီး project တွေရှိတယ် perthညကြရင်ငါ့ကိုမစောင့်နဲ့"
Perth လဲဒါကသူအတွက်အထူးဆန်းမဟုတ်တာကြောင့်ခေါင်းသာငြိမ်တော့သည်။perthဖခင်ကသူကိုမချစ်ပေမယ့် သူကတော့အဖေဖစ်သူကိုအရမ်းချစ်ပါတယ်။အဖေဖစ်သူရဲ့မျက်လုံးထဲမှာ သူကဂုဏ်ယူစရာသားဖစ်ဖို့ကြိုးစားပေမယ့် တခါမှမအောင်မြင်ခဲ့ပါ။ ဖခင်ဖစ်သူဒေါသအလွန်ကြီးတာကြောင့် သူအဖေရဲ့စကားကိုနားထောင်ပေးသည်။ သူလဲကျောင်းတွေပီးရင်အဖေဖစ်သူရဲ့ဂိုဏ်းမှာ ၀င်ပီးအုပ်ချုပ်ပေးဖို့စဉ်းစားထားသည်။
Perthလဲအတွေးပေါင်းစုံနဲ့အခန်းထဲ၀င်ပီး အိပ်ရာပေါ်မှာလဲပီးတွေးနေတော့သည်။**********
ပျော်ရွှင်ဖို့ကောင်းပီးညစာစားနေကြတယ့်မိသားစုတစု။ Mafia ဂိုဏ်းကိုအုပ်ချုပ်ပေမယ့်သားဖစ်သူအပေါ်တော့ သူတခါမှ ရိုင်းပြစွာမဆက်ဆံပါဘူး Ruangwiwat ကသားဖစ်သူChimonကိုအတော်ကိုချစ်မြတ်နိုးပါတယ်။ ဇနီးသည်သေဆုံးပီးကတည်းက သူဘ၀မှာသားကအရေးကြီးဆုံးဖစ်ပီးသားအတွက်အချိန်တွေကိုလဲပိုရင်ပိုသလောက်ပေးပါတယ်။ သားကငယ်ငယ်လေးတည်းကခန္တာကိုယ်အားနည်းတာကြောင့်သားကိုသူအတော်ဆိုးရိမ်ပေးတတ်ပါတယ်။
"ဖေဖေ သားကိုမနက်ဖြန်ကား၀ယ်ပေးပါနော့်"
"မရဘူးနော့်mon သားကငယ်သေးတယ် ဦးလေးဖုန်ကိုပဲကျောင်းပို့ခိုင်းလိုက်ပါသားရယ်"
"ဖေဖေကလဲသားရွယ်ယောကျာ်းလေးတွေအကုန် ကိုယ်ပိုင်ကားတွေမောင်းနေကြပီ သားကျအိမ်ကပို့ပေးတယ့်ကားကိုပဲစီးနေရတယ် လုပ်ပါဖေဖေကလဲ"
ဦးရန်တယောက်သားဖစ်သူပြောတာကိုအလိုမလိုက်ချင်ပါ။ ဒါပေမယ့်သားကိုသိပ်ချစ်တာကြောင့် လက်မခံလို့ကလဲမရပါ။
"ကောင်းပီ အဖေ၀ယ်ပေးမယ်"
Chimonလဲဒီစကားကြားပီးထပျော်ပါတော့တယ်။ဒါမဲ့အဖေဖစ်သူကစကားထပ်ပြောတော့တယ်။
"ဒါမဲ့ သားဖြေးဖြေးမောင်းကမယ် သားရယ်ကားအနောက်မှာ ကိုယ်ရံတော်ကားတွေပါလိမ့်မယ်"
"ဟာ အဖေကလဲ "
အဖေကကြားဖြတ်ပြောတော့တယ်။
"အကယ်၍လက်မခံရင်အဖေမ၀ယ်ပေးဘူး"
Monလဲငြင်းမရတာကြောင့် လက်ခံတော့တယ် ။
ဒါနဲ့ပဲ ညစာကိုအေးအေးဆေးဆေးဆက်စားနေကြတော့တယ်
*********
First timeမို့မကောင်းရင်ပြောလို့ရပါတယ်ရှင့်🖤💛

YOU ARE READING
မာနကြားကချစ်သစ္စာ
Actionမင်းကိုမုန်းတယ်tananpon။မင်းအဖေကြောင့်ငါ့အဖေသေရတာ။မင်းငါ့အချစ်ကိုလဲလိမ်ညာခဲ့တယ် မင်းကိုမုန်းတယ်။ Chiမင်းအတွက်ဘာပဲဖစ်ဖစ်ပေးဆပ်မယ်။မင်းမုန်းလဲခံတယ်။ဒါကို့မင်းကိုပြန်ပေးတယ့်အချစ်ပဲ။