Ep_7

111 6 1
                                    

မွန်ဒီနေ့ ကျောင်းကိုစောစောသွားခဲ့ပါတယ် သူမနေ့ကညကကိစ္စကိုလဲအတော်လေးစဉ်းစားနေခဲ့တယ်။perthကိုလဲသူရှာနေတယ်။ဘာလို့လဲမသိ သူစိတ်ထဲအားနာသလိုဖစ်နေခဲ့တယ်။မွန်လဲ ကန်တင်းမှာသူ့သူငယ်ချင်းတွေကိုစောင့်နေရင်းဟိုကြည့်ဒီကြည့်နဲ့လျှောက်ကြည့်နေတော့သည်။အဲ့ချိန်မျက်လုံးက တစုံတယောက်ဆီရောက်သွားသည်။သူဘေးဝိုင်းရဲ့ မနီးမဝေးမှာ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက် တယောက်ကိုတယောက်ချစ်ကြည်နူးနေကြသည်။ ကျောင်းဆိုတာတောင်သတိထားမိရဲ့လားမသိ အဲ့ထဲကကောင်လေးကperth ဆိုတာသူသိတော့တချက်ပြုံးလိုက်သည်။ ထိုချိန်ဘေးကိုမတ်ရောက်လာသည်။

"အိုက်မွန် မင်းဘာတွေတွေးနေတာလဲ"

"ဘာတွေးလို့လဲ"

"ငါ့ဟိုးနားလေးကနေမင်းကိုခေါ်နေတာကို မင်းမကြားဘူးလား"

"ဘယ်နား"

မက် လက်ညိုးထိုးပြလိုက်သည်။

"မင်းအမေလင် အဲ့လောက်တောင်လေ ငါ့ကြားမလား"

"ဟ အေ့ပါကွာ "

တကယ်ဆိုမွန်ကြားတတ်ပါတယ် ဒါမဲ့စိတ်တခြားရောက်နေလို့သူမကြားတာပါ့။မွန်လဲထိုင်ရာကနေထပီးအခန်းထဲကိုသွားတော့သည်။

*******

မွန်စာသင်နေရင်းပျင်းလာတာကြောင့်အခန်းထဲကနေထွက်ဖို့ပြင်လိုက်သည်။

"ဟျောင့်ဘယ်သွားမို့လဲ"

"ဒီတိုင်းကွာ ငါ့အတွက်စာကူးထားလိုက်"

မွန်ထထွက်သွားသည်။ မွန်လျှောက်သွားနေရင်း ဂီတခန်းနားရောက်တော့ကျောင်းသားတချို့တီးလုံးတွေတီးနေတာကြားတော့ ၀င်ကြည့်နေသည်။
ထိုချိန်ဂီတခန်းကလူတွေရဲ့မျက်လုံးကမွန်စီရောက်သွားသည်။

"ဟျောင့်တွေ ဟိုမှာ အိုက်မက်ရဲ့ချစ်လှစွာသောလေး "

တခန်းလုံးဝိုင်းဟားကြသည်။မွန်လက်တီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။ထိုချိန်

"မင်းကဂီတခန်းမထဲဘာလာလုပ်တာလဲအလှလေး"

"မင်းနဲ့ဆိုင်လား"

မာနကြားကချစ်သစ္စာWhere stories live. Discover now