Part 14

120 13 1
                                    

ဝိန်ချင်းသည် ​​မနေ့ညက ရှောင်ခယ်ကို အောက်ထပ်မှာတွေ့ပြီးနောက် ချက်ချင်းထွက်မသွားဘဲ လေညင်းခံဖို့အတွက် ခဏရပ်နေဖို့ ရွေးချယ်ခဲ့တယ်။ သေချာပါတယ်၊‌ ရှောင်ခယ်ဟာ နောက်ဆုံးတော့ အဆောက်အဦးထဲကို ၀င်သွားမလားဆိုတာ သိဖို့အတွက် စောင့်နေခဲ့ခြင်းမဟုတ်ပေ ။ သူသိချင်တာက ၀မ်ဇီဟယ်သည် ကျိချန်ခယ်ရဲ့အိမ်ကနေ ဘယ်အချိန်မှာ ထွက်သွားမလဲဆိုတာပင် ။

မနက် ၂ နာရီအထိ စောင့်ပြီးနောက် တိုက်ခန်းအဆောက် အအုံမှ လူများစွာ ထွက်လာသော်လည်း ဝိန်ချင်းသည် ၀မ်ဇီဟယ်၏ပုံကို မတွေ့ခဲ့ရပေ ။ ထို့နောက် ၀ိန်ချင်းသည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး တိတ်တဆိတ် ထွက်သွားခဲ့သည်။

သူ ဆက်မစောင့်ရဲတော့ဘဲ မိုးလင်းတဲ့အချိန်မှ ၀မ်ဇီဟယ်နဲ့ ကျိချန်ခယ်တို့အတူတူထွက်လာသည်ကို တွေ့မှာ ကြောက်မိတယ်။

၀ိန်ချင်းသည် ဗီလာမှ ထွက်ခွာလာခဲ့ပြီးနောက် တစ်ခုခု ပျောက်ဆုံးသွားသလိုပင် ။ ထိုအချိန်တွင် သူသည် မည်သည့်နေရာသို့ သွားရမည်ကို ရုတ်တရက် မသိခဲ့ပေ။ အမှန်မှာ သူတွင်နေထိုင်ရန် နေရာမရှိခဲ့ပေ။ ၀မ်ဇီဟယ်နဲ့ အတူနေထိုင်ခဲ့သောအိမ်တွင်လည်း အခု၀မ်ဇီဟယ်က မရှိတော့ဘူး။ သူသည် တစ်ယောက်တည်းဖြစ်ကာ ပြန်‌ဖို့အိမ်တောင်မရှိတော့ပေ ။

ချူရှိ၏ခေါ်ဆိုမှုကိုလက်ခံရရှိပြီးနောက် ဝိန်ချင်းသည် မဆိုင်းမတွ ကလပ်သို့ထွက်လာခဲ့သည် ။

Clubထဲတွင် ၀မ်ယွမ်ရှန်းကိုတွေ့လိုက်ရခြင်းမှာ မမျှော်လင့်ထားခြင်းပင်ဖြစ်သည်။ ၀မ်ယွမ်ရှန်းအပေါ်  ချူရှိရဲ့ ချစ်ခြင်းမေတ္တာကို အားလုံးက သိကြပေမယ့် ၀မ်ယွမ်ရှန်းက ကျူရှိအပေါ် အိမ်မွေးခွေးလိုသာ သဘောထားခြင်းမှာ အမှန်ကို သနားစရာပင် ။

လွန်ခဲ့သည့်ရက်အနည်းငယ်က ချူရှိသည် အကြိမ်ကြိမ်အခါခါ ငြင်းပယ်ခံရပြီးနောက် နောက်ဆုံးတွင် ၀မ်ယွမ်ရှန်း၏ထူးဆန်းသောဒေါသကို သည်းမခံနိုင်တော့ဘဲ ၀မ်ယွမ်ရှန်းကို နောက်တစ်ကြိမ်ထပ်လိုက်တော့မည်မဟုတ်ကြောင်း သူ၏သူငယ်ချင်းများအားပြောခဲ့သည်။

After Being Dumped by his Son's FatherWhere stories live. Discover now