Part 15

108 16 0
                                    

တစ်နာရီကြာမည်ဟု ထင်ခဲ့သော အစည်းအဝေးသည် ဆယ်မိနစ်အကြာတွင် အလျင်အမြန် ပြီးဆုံးသွားခဲ့သည်။  အရှိန်က မြန်လွန်းတော့ အောက်ကလူတွေတောင် လိုက်မမှီတော့ပေ ။  အတွင်းရေးမှူးက အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာသောအခါ လူတိုင်းက အံဩတဲ့အမူအရာများဖြင့် အပြန်အလှန် ကြည့်နေကြကာ လူတိုင်းတွင် တူညီသော မျက်နှာပျက်အမှုအရာများ ရှိနေခဲ့သည် ။

ထိတ်လန့်နေပြီဖြစ်သော ချန်ဟွမ်သည် ပို၍ပင် ဆုံးရှုံးသွားသလိုခံစားခဲ့ရသည်။ သူ့လက်ထောက်က မှတ်တမ်းတင်ထားတဲ့ အစည်းအဝေးမှတ်တမ်းတွေကို သေသေချာချာဖတ်ပေမယ့် ဒီအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ဒါရိုက်တာဝိန်က ဘာပြောချင်လဲဆိုတာကို နားမလည်ခဲ့ပေ ။ ဒီနေ့ အစည်းအဝေးရဲ့ ဆိုလိုရင်းက ဘာလဲ။

ချန်ဟွမ် သူရုံးခန်းကို ပြန်ရောက်တဲ့အထိ အတွေး၀င်နေခဲ့တယ်။  ဒါရိုက်တာဘုတ်အဖွဲ့က အတွင်းရေးမှူးသည်သာ အစည်းအဝေး တစ်ခုလုံးနီးပါး စကားပြောနေခဲ့ကာ ဒါရိုက်တာ၀ိန်ကတော့ သူ့ဘေးမှာထိုင်ပြီး နာရီကို စိတ်မရှည်စွာ ခဏခဏကြည့်ရင်းနဲ့ စကားနည်းနည်းသာ ပြောတာကို သူ မှတ်မိတယ်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ချန်ဟွမ်က ၀မ်ဇီဟယ်ကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရုံးကိုပြန်ရောက်ချိန်တွင် ချန်ဟွမ်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပေမယ့် မီးရောင်ထောင့်က ဆိုဖာပေါ်တွင် ထိုင်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ချိန်မှာတော့ နံပါတ်ကို ခေါ်ဆိုဖို့ အချိန်မရခဲ့ပါဘူး။

"ဒါရိုက်တာဝိန်?"

"မန်နေဂျာ၀မ်က ဘယ်တုန်းက ထွက်သွားခဲ့တာလဲ။" ဝိန်ချင်းသည် အသံကိုနိမ့်ပြီး နူးညံ့သော အရှိန်အဟုန်ဖြင့် ပြောဆိုသော်လည်း ချန်ဟွမ်သည် လိုင်းများကြားမှ လေဖိအားနည်းရပ်ဝန်းကို ခံစားမိသောကြောင့် အသက်တောင် မရှူရဲပေ။

ချန်ဟွမ်က "ဒီမနက်ပဲ" လို့ ရိုးရိုးသားသား ပြန်မဖြေခင် သူ့နောက်ကျောက မှန်တံခါးနဲ့ ထိသွားတဲ့အထိ မသိစိတ်က ခြေလှမ်းနှစ်လှမ်းကို နောက်ပြန်ဆုတ်လိုက်တယ်။

After Being Dumped by his Son's FatherDonde viven las historias. Descúbrelo ahora