ဒွီး... ဒွီး... ဒွီး...။
ကုတင်ပေါ်တွင် တရစပ်တုန်ခါနေသည့် ဖုန်း Vibrate ကြောင့် ညွှန်း မနိုးပဲနိုးလာရသည်။ သို့သော် မျက်လုံးနှစ်ဖက်မဖွင့်ပဲ ဖုန်းရှိလောက်မယ့်နေရာကိုစမ်းရင်း ရှာနေမိသည်။ ထိုရလဒ်ကြောင့် ဖုန်းတုန်ခါနေရတာရပ်သွားသည်။ ဖုန်းကျသွားသည်ထင်သည်လေ။ သို့သော် ချက်ချင်းဆိုသလိုပြန်တုန်ခါနေသည့် ဖုန်းကြောင့် ညွှန်း မျက်လုံရဖွင့်ပြီးသာ ရှာရတော့သည်။ ဒီလောက်ဆို Alarm လိုပဲဆိုတော့ ညွှန်း ပြန်အိပ်လည်းမရတော့ဘူးလေ။
"ကျွတ်စ် လေပြေငယ်ဟာလေ သိပါတယ်ဆို"
ဖုန်း Screen မှာပေါ်နေသည့်နာမည်ဟာ လေပြေငယ်ဖြစ်နေတော့ ညွှန်း မျက်မှောင်ကြုတ်ရင်း တစ်ကိုယ်တည်းပြောလိုက်မိသည်။
"ဟယ်လို ပြော"
"နိုးပြီလား ဖွဲ့ရာ... ဒီနေ့ မမ မွေးနေ့ရှိတယ်နော်။ မေ့နေမှာစိုးလို့"
"အခုမှ ၇ နာရီပဲရှိသေးတယ်လေ ငယ်ရယ်။ လာပါမယ်ပြောထားတာကို အတင်းတွေပဲ... နင့်မမ မွေးနေ့လုပ်မယ့် အချိန်က ညနေမှကို ဒီအချိန်ကြီးဆက် သတိပေးမှရမှာလား ဟမ်"
ညွှန်း စိတ်ညစ်ညစ်နှင့်ပြောလိုက်တော့ ငယ်ဟာ ခဏတိတ်သွားသည်။
"ဟုတ်သား အခုမှ နာရီသေချာကြည့်မိတယ်... ဆောရီး မိုင်ဖရန့် ပြန်အိပ်လိုက်နော်"
"အခုမှတော့ မရတော့ဘူး။ မနေ့က Order များလို့ ပင်ပန်းထားပါတယ်ဆို"
"ဆောရီးပါ ဖွဲ့ရာရယ်။ ဒီနေ့ မွေးနေ့ကိတ်က နင့်ဆိုင်က ဝယ်တာပဲဟာ ခွင့်လွှတ်လိုက်နော်... ဆားဒါငဲ ဘိုင့်ဘိုင်"
သူ့အပြစ်သူသိစွာနှင့် ဖုန်းချပြေးသည့် ငယ်ကြောင့် ညွှန်းပြုံးလိုက်မိသည်။ ငယ်က အခုနောက်ပိုင်း ပိုသွက်လာသည်လေ။ ဓာတ်ပုံဆိုင်ဖွင့်ပြီးနောက်ပိုင်းပေါ့။
"နိုးတော့မှတော့မထူးပါဘူး ရေချိုးလိုက်တော့မယ်"
ညွှန်း ကုတင်ဘေးမှစားပွဲခုံလေးကနေ ရေအရင်ယူသောက်လိုက်သည်။ ပြီးနောက် ရေချိုးဖို့ပြင်ဆင်ရသည်။ ဆံပင်စည်းရန် မှန်တင်ခုံမှ ခေါင်းစည်းကြိုးယူဖို့ပြင်သောအခါ ညွှန်းရဲ့ ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာလေးသည် မှန်ထဲမှာအထင်းသား။
VOUS LISEZ
လွမ်းပျက်ပြယ်
Roman d'amourရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...