အပိုင်းပို {၅}+{၆}

12.5K 716 38
                                    

ငယ်တို့ ဒီအိမ်ကြီးထဲကိုဝင်ဖို့ အချိန်တော်တော်ယူလိုက်ရသည်။ လွမ်းတေးသံနှင့်တွေ့ဖို့လာသည်ဟု ခြံစောင့်ကိုပြောလိုက်သော်လည်း ချက်ချင်းဝင်မခိုင်းပဲ သွားမေးနေသည်လားမသိပါ။ ဆယ်မိနစ်ကျော်လောက် ငယ်တို့စောင့်လိုက်ရသည်။

"အဲ့အိမ်ကြီးကိုကျော်မောင်း လေပြေ"

ဟေသာ ဒီအိမ်ကြီးကိုတစ်ခါမျှ မရောက်ဖူးသော်လည်း ဒီအရှေ့အိမ်ဟာဘယ်သူ့အိမ်လဲဆိုတာကို လွမ်းပြောပြဖူးသိပြီးသားလေ။ ထို့ကြောင့် မနှစ်မြို့စွာနှင့်ပြောလိုက်သည်။ ငယ်ဟာလည်း ဟေသာပြောသည်ကို ပြန်မပေးပဲ ဟေသာ မောင်းခိုင်းသည့်အတိုင်းမောင်းလေသည်။

သို့သော် ထိုအိမ်ကြီးအကျော်လောက်မှာပဲ ငယ်တို့ကားရပ်လိုက်ရသည်။ အနောက်က အိမ်ဖြူလေးကို မြင်နေရပေမဲ့ လမ်းလေးက လူလျောက်လမ်းလေးမို့ကားဝင်၍မရချေ။

"မမ ဟိုမှာ..."

ငယ့်စကားလေးမဆုံးခင်မှာ ဟေသာသည်ကားပေါ်ကဆင်းသွားလေသည်။ ထို့ကြောင့် ငယ်လည်း သွက်သွက်လိုက်ရသည်။

"ဟေသာ"

ငယ်တို့လာတာကို ခြံစောင့်ပြောထားတာမှန်ပုံပဲလေ။ ညွှန်းနှင့် အစ်မလွမ်းတေးဟာ အိမ်ဝလေးမှာထွက်စောင့်နေ၏။ အခုလည်း ဟေသာဟာ သူ့တို့အနားပြေးမတက်သွားတော့ အစ်မလွမ်းတေးဆီမှ ဟေသာ့ကို စို့နစ်သံလေးနဲ့ခေါ်လာသည်။ ပြီးနောက် လက်လေးနှစ်ဖက်ဖက်ကို ဖြန့်ဟလိုက်သည်။ ထို့ကြောင့် သိပ်မကြာလိုက်သည့် အချိန်အခိုက်တန့်မှာပဲ ဟေသာသည် အစ်မလွမ်းတေးရင်ခွင်ထဲကိုတိုးဝင်သွားသည်။

"မမတို့ကလည်း မငိုကြပါနဲ့ ဖွဲ့ရာ ပြောပါဦး"

ဟေသာက အရင်စငိုပြီး မမလွမ်းဟာလည်းသူ့သူငယ်ချင်းကိုပြန်ဖက်ပြီးငိုသည်။ ညွှန်းတို့မှာ ဟေသာနှင့် မမလွမ်းပြန်တွေ့လျှင် ဟေသာဟာ မမလွမ်းကို 'ဘာလို့ထားခဲ့ရတာလဲ' ဆိုပြီး ဆူပြီးရိုက်မယ်ထင်နေတာ။ သူ့ကို ၂ နှစ်ကျော်တောင်ပစ်ထားသွားတာမဟုတ်လား။

သို့သော် ဟေသာဟာ ထိုသို့မလုပ်ချေ။ ငိုပြီးတော့လည်း ထိုသို့မလုပ်မလုပ်ချေ။ ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေကို အရင်မမေးပဲ ဟေသာ အရင်မေးသည့်စကားတစ်ခွန်းဟာ 'အဆင်မပြေခဲ့ဘူးမလား' တဲ့လေ။ မမလွမ်းသည် ဟေသာ့အမေးလေးမှာ ခေါင်းညိတ်သည်။

လွမ်းပျက်ပြယ်Où les histoires vivent. Découvrez maintenant