2010ခုနှစ်။
တောင်ကိုရီးယားနိုင်ငံ၊ဆူဝန်ရပ်ကွက်တွင်ဖြစ်သည်။နွေဦးဟာ လှပခြင်းအတိနဲ့ဝင်ရောက်လာခဲ့လေပြီ။
နေရောင်ခြည်နွေးနွေးလေးတွေပက်ဖြန်းတဲ့နံနက်ခင်းအချိန်အစောပိုင်းတွေမှာ လူတွေအားလုံးဟာကိုယ်ပိုင်လုပ်စရာကိုယ်စီဖြင့်လှုပ်ရှားသွားလာနေကြ၏...။ထိုအထဲမှာမှ နွေဦးကာလကျောင်းပိတ်ရက်ရှည်ရထားတဲ့ ကျောင်းသားတွေကတော့ နေ့ရက်တိုင်းဟာပျော်ရွှင်စရာအတိဖြစ်နေကြသည်..။
စာလုပ်ဖို့အတွက် မနက်ခင်းစောစောထစရာမလိုကြတော့သလို၊ဖြေရှင်းရခက်တဲ့အိမ်စာတွေကိုလည်း သူတို့လုပ်စရာမလိုတော့ဘူးမဟုက်လား..။ပြီးတော့ မိခင်အများစုရဲ့မနက်ခင်းအိပ်ယာနှိုးသံဟာလည်း ဒီနွေဦးကာလအပိုင်းအခြားမှာတော့၊ခဏတာဆိတ်သုဥ်းနေခဲ့လေပြီ...။
"ဦးဦးထယ် သားသားကို mintchoco အိုက်စ်ခွင်ပေးပါ"
"ကျွန်တော့်ကိုတော့ Vanilla Icecream"
အရသာကွဲသည့်အော်ဒါနှစ်ခုလက်ခံရရှိသွားတဲ့ ရေခဲမုန့်ဆိုင်မှဦးလေးကြီးကတော့ အပြုံးခပ်ကြီးကြီးပြုံးကာ၊creamအချို့ကို ရေခဲမုန့်ခွက်လေးတွေထဲသေချာထည့်ပေးနေ၏။သူ့ဆိုင်ရှေ့မှာရှိနေကြတဲ့ ကောင်လေးနှစ်ယောက်ဆီကနေတော့ စကားသံဆာဆာလေးတွေကပျံ့လွင့်နေဆဲ..။
"ကိုကို ရေခဲမုန့်စားပြီးရင်နူးနူးနဲ့စာကြည့်တိုက်ကိုလိုက်ခဲ့ရမှာနော်။ကိုကို့စကိတ်ကြီးကို အိမ်ပြန်ထားချည်"
"နူးနူးကလည်း...ပြောတော့ရေခဲမုန့်စားပြီးရင် ကိုကိုစကိတ်စီးတာလိုက်ကြည့်ပေးမှာဆို။ကိုကိုက စကိတ်ပဲစီးချင်တာ"
"ဟွန့်~"
"အင်း...အင်းပါ။စာကြည့်တိုက်ပဲ သွားကြမယ်လေနော်"
တိမ်ပုံစံလေးတွေပါတဲ့ပြာနုရောင်ဝမ်းဆက်လေးကိုဝတ်ထားတဲ့ကောင်လေးနဲ့မီးခိုရောင်ဝမ်းဆက်ကိုဝတ်ထားတဲ့ကောင်လေးနှစ်ယောက်။ရေခဲမုန့်ကိုယ်စီလက်ထဲရောက်ပြီးတာနဲ့ ဆိုင်ရှေ့ခပ်လှမ်းလှမ်းကအုတ်ခုံလေးပေါ်မှာ ထိုင်၍စားနေကြ၏။