Stay with me

1K 125 17
                                    


(Where did we go wrong?partကိုပြန်ဖတ်မှ ဒီpartနဲ့ချိတ်ဆက်မိမှာပါ။rewritingမို့ သေချာပြန်ဖတ်ပေးစေချင်ပါတယ်ရှင်)

ကားမှန်ပြတင်းတံခါးမှဖြတ်သန်းဝင်လာသည့် လေနုအေးတို့ကဆောနူ့မျက်နှာမှအပူရှိန်ကို အနည်းငယ်တော့လျော့ကျစေ၏။ကားထဲမှာလူနှစ်ဦးရှိနေပေမယ့် စကားသံတိတ်ဆိတ်နေတာမို့ ဆောနူပိုပြီးအနေခက်နေကာ၊လက်ဖျားတွေအေး၍မျက်နှာမှာတော့ အပူရှိန်တတ်နေခြင်းပင်..။

"နေလို့အဆင်မပြေဘူးလား။ခဏသည်းခံပေး နူး..အာ ဆောနူ။အရှေ့ကconvenienceမှာ အမူးပြေဆေးရည်ဝယ်လို့ရတယ်"



"ဟုတ်ကဲ့"

အငြင်းစကားမဆိုပဲ ဆောနူကိုကို့စကားကိုလက်ခံလိုက်မိသည်။တကယ်တော့ ကိုကိုထင်နေသလိုမျိုး သူမူးနေတာမှမဟုတ်ပဲ။ပွဲထဲမှာသောက်ခဲ့တဲ့ဝိုင်နှစ်ခွက်ဟာလည်း ဆောနူ့ကားနားကို ကိုကိုလာရပ်တဲ့အချိန်ကစပြီး ဘယ်ဆီရောက်မှန်းမသိအောင်လွင့်ထွက်သွားပုံပင်။

ဒါကို ကိုကိုကတော့သိမည်မထင်ပါ။ခုနက ဆောနူ့ကားဆီကို ကိုကိုလျှောက်လာတာကလည်း ဆောနူမူးနေတယ်ထင်ပြီး ရောက်လာတာဖြစ်သည်။

ပွဲထဲမှာတောင်အရိပ်မမြင်ရပဲ ဆောနူပြန်ခါနီးမှလူလုံးထွက်ပြလာတာမို့ အံ့ဩစိတ်နှင့်ကိုကို့ကိုဆောနူအချိန်အတော်ကြာ စိုက်ကြည့်နေခဲ့မိသည်ထင်၏။

ကိုကို့ဘက်က 'Driverမပါဘူးလား'ဆိုတဲ့အသံထွက်လာကာမှ

ဆောနူအယောင်ယောင်အမှားမှားဖြင့် ခေါင်းညိတ်လိုက်မိသည်အထိပင်။ထိုအခါကျ ကိုကို့ဘက်ကနေ ဆောနူမထင်ထားသည့် စကားကိုပြောလာခဲ့၏။

"သောက်ထားတာမလား၊အကိုပြန်လိုက်ပို့မယ်"

သူ့ကိုယ်သူ အကို'လို့ထည့်သုံးလာခဲ့တာမို့ ဆောနူ့စိတ်ထဲမျက်ကနဲတော့ဖြစ်သွားရသည်။သို့သော် ဒါကလည်းကိုကို့အမှားမှမဟုတ်ပဲ..။ပြန်ဆုံတွေ့ရတဲ့ သုံးလနီးပါးလုံးမှာ ဆောနူလည်းကိုကို့ကို အကိုဆောင်းဟွန်း'လို့သာ အကြိမ်ကြိမ်ခေါ်ခဲ့မိတာပင်။

ပြန်လိုက်ပို့မယ်'ဆိုတဲ့ကိုကို့စကားကို ဆောနူမူးမနေတဲ့အကြောင်းပြောကာ ငြင်းပစ်လိုက်လို့ရပေမယ့် ဆောနူမငြင်းပယ်မိ။ဖျတ်ကနဲဆိုသလို အကိုဂျယ်ယွန်း'မျက်နှာမြင်ယောင်မိသော်လည်း ဒီတစ်ကြိမ်မှာတော့ ဆောနူစိတ်အလိုကိုလိုက်ချင်မိသည်။ ထို့ကြောင့် ခေါင်းညိတ်မိကာ၊ဆောနူမောင်းသူနေရာမှ ရွေ့ထိုင်လိုက်တော့၏။

Red TulipWhere stories live. Discover now