1

479 47 9
                                    

ဝမ်းနည်းပူဆွေးခြင်းတွေရှိပေမယ့်
ရင်ခွင်ထဲ အိပ်မောကျနေတဲ့ ကလေးငယ်
ကိုယ်လေးကို ပိုထွေးပွေ့လို့ သူ့အနာဂတ်
လှလှအတွက်သာ တွေးပူမိ၏။

ဘယ်လိုဆက်လုပ်ရမလဲ ဂျယ်ဟီ!

လွမ်းဆွတ်ခြင်းအထိန်းအမှတ်အနေဖြင့်
အနက်ရောင်Suitအပြည့်နဲ့ သူမရဲ့နောက်ဆုံး
ခရီးကိုသေချာ‌နှုတ်ဆက်ဖို့ ပြင်နေခြင်းဟာ
သုံးရက်တာရှိသွားလေပြီ။

            နာဂျယ်မင်း ♡ ကင်ဂျယ်ဟီ

တစ်နှစ်ကျော်ကျော် ဖူးစာဖက်မှာ ဖိတ်စာ
ရထားသူတွေမှာပင် ဟောင်းနွမ်းသေးမည်
မဟုတ်သည့်အချိန် တစ်ဖက် အမျိုးသမီးက
လောကကြီးကထွက်ခွာသွားပြီတဲ့။

သိပ်ချစ်ရတဲ့ အမျိုးသမီးထံမှ နာဂျီဆောင်း
ဆိုတဲ့ ကလေးလေးသည်သာ လက်ဆောင်
အဖြစ်ကျန်ရစ်ခဲ့၏။

သူများတွေက ဒီကလေးကိုအပြစ်တင်ချင်
ပေမယ့် အဖေရော အမေပါလိုလားခဲ့တာမို့
လောကကြီးထဲရောက်လာတဲ့ ဂျီလေးက
တကယ်ကံကောင်းခြင်းဆုလာဒ်လေးပါ။

ဂျယ်မင်းအတွက်အဖိုးတန်ပြီး ဂျယ်ဟီးရဲ့အတွက်ပါ ပေါင်းပြီးချစ်ရမယ့် ကလေး!

"သား ဂျယ်မင်း အစားဝင်အောင်စားလိုက်
ဒီတိုင်းပဲနေလို့ဘယ်ဖြစ်မလဲကွယ် ပေးပေး
ဂျီလေးကို ခုကစ အန်တီသေချာထိန်းပေးမယ်"

ခြံဝန်းကျယ်ထဲ သီးသန့်နေရာပေးထားခံရတဲ့
အန်တီဟွမ်ယွင်မှ တိုက်တွန်းနေတာအခါခါ။

မိဘတွေမရှိတော့ဘဲ ကိုယ့်ထူးကိုယ်ချွန်
တစ်ယောက်တည်းရပ်တည်နိုင်နေတာ
ဖြစ်သော်ငြား ဂျယ်မင်းဘေးမှာ‌နေဖို့ကို
အမျိုးမျိုးအကြောင်းပြခဲ့တာ ဒီတစ်ခါ
မှန်ပြီတွေးနေမလား?

အရင်ကကျေးဇူးကြောင့်‌ဇာတိကို
မပြန်တော့ဘဲ ဘူဆန်မှာ အခြေချနေမယ်
ဆုံးဖြတ်တာမို့ ဝေးဝေးမသွားရဘဲ ခြံထဲမှာ
နှစ်ထပ်တိုက်လေးဆောက်နေစေခဲ့တာ။

ခုတော့ ဘေးမှာ သေချာရှိနေပေးနိုင်ပြီပဲ!

"ဂျီလေးက မွေးပြီးထဲက နာဂျယ်လက်ထဲပဲ
နေရလို့ ထိန်းရခက်နေမလားနော် အာအီဂူး
ချစ်စရာကလေးလေး"

Can you be my son's father?Where stories live. Discover now