ဒီနေ့က အပင်ပန်းဆုံးနေ့ဖြစ်မလား?
အထုပ်အပိုးတွေများများမပါပေမယ့်
နည်းနည်းဆိုရင်တောင်စိတ်ရှုပ်စေသည်။
အကြောင်းကလေယာဉ်ပဲဖြစ်ဖြစ်ကားပဲ
ဖြစ်ဖြစ် မူးတတ်တဲ့အကျင့်ကြောင့်ပင်။ဘာလို့ဒီလောက်တောင်ဝေးရတာလဲ။
အိမ်ရောက်ရင်တော့ပင်ပန်းမှုတွေနဲ့
အများကြီးအိပ်ပစ်မယ်လို့တွေ့ထားတယ်။"ဦးလေး အဲ့ရှေ့နားဆိုရပြီခင်ဗျ"
"ဒီခြံကြီးလားကလေး"
"အဲ့က နှစ်ထပ်အိမ်လေးထင်တယ်
ဒီမှာပဲချပေးလိုက်နော်"ရွမ်ကျွင့်ပြောတဲ့နေရာမှာပဲဦးလေးက
ချထားပေးခဲ့တယ်။အသံခပ်ကျယ်ကျယ်နဲ့
ဒေါ်လေးကိုလှမ်းခေါ်လိုက်တော့အမြန်ဆုံးပါပဲ။"ဟယ် အင်ဂျွန်းလေး ရောက်လာပြီ"
သူ့တူလေးကိုမြင်ကာရှိသေး ပြုံးပြီးတော့
ထွက်လာတာများ အမောတကောပဲ။"သားဒီနေ့တော့ထနိုင်တော့မှာမဟုတ်ဘူး
အရမ်းပင်ပန်းနေပြီ ဒေါ်လေးရ""အေးပါ အိမ်ထဲရောက်တာနဲ့နားလိုက်တော့ဒေါ်လေးလည်းမင်းအကြောင်းသိပါတယ်"
အထုပ်တွေကိုအတူတူမျှသယ်ကြရင်း
အိမ်ထဲကိုဝင်လာခဲ့တယ်။အမှတ်တမဲ့အနေနဲ့နောက်ဘက်ကအိမ်ကြီးရှိရာမျက်စိကရောက်
ခဲ့မိသေး။တကယ်ကြီးခမ်းနားတာပဲ။ဒါကဘယ်လိုနေရာမျိုးမို့လို့~ဆက်တွေးကြည့်ရအောင်လည်းခေါင်းမူး
တာပဲပိုဆိုးလာလို့ အနားယူဖို့ရာပဲစိတ်က
လောနေပြီ။"တရေးအိပ်လိုက်နော်"
"ဟုတ်ဒေါ်လေး ဂျီလေးလာရင်နိုးလိုက်ပါ
သားအရမ်း တွေ့ချင်နေတယ်""နောက်ရက်တွေရှိပါသေးတယ်ရှင်
အခုတော့နားပါဦး""သူ့ လာတုန်းလေးတွေ့ရမှာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး ဂျီလေးက ဒေါ်လေးနဲ့
တစ်နေကုန်နေတာ ဒီနေ့သာ သူ့အဖေ
ပိတ်ရက်မို့ အတူအပြင်သွားကြလို့""ဟီး ဟုတ်လား ဒေါ်လေးမှ အစောက
ပြောမထားဘဲ ဒါဆို စိတ်ချပြီး အိပ်လိုက်
တော့မယ်"
YOU ARE READING
Can you be my son's father?
Romansကိုယ်ကလူလွတ်မဟုတ်လို့ ငြင်းချင်တာလား? Started Date - 13.2.2024