သားနဲ့သမီးထွက်သွားတဲ့အခါ လှဲလျောင်းနေသော ကိုယ်လုပ်တော်အနားကပ်သွားပြီး လက်ကလေးကိုင်ပြီးပါးနားကပ်၍
"''စိတ်ချပြီးသွားနှင့်ပါ ငါကိုယ်တော်အချစ်တော်ရဲ့ တရားခံကိုရအောင်ရှာပြီး မြို့ရိုးမှာ ကိုယ်တော့်ပြည်သူတွေရှေ့မှာလက်စားချေပြမယ် အချစ်တော်၊ကိုယ်တော်မင်းကိုမစောင့်ရှောက်နိ်င်ခဲ့တဲ့အတွက်ခွင့်လွှတ်ပါ၊သားတော်၊သမီးတော်နဲ့ကိုယ်တော်ကိုစိတ်ချလက်ချထားရစ်ပြီး သံသရာမှာ အလှအပဆုံးအပြုံးတွေနဲ့ ရှင်သန်ပါအချစ်'"'
ပြောပြီး တရှုံ ရှုံငိုတော့သည်။
ထိုနေညက မင်းကြီးတရေးမှျမအိပ်ပဲ ကိုယ်လုပ်တော်အဆောင်၌သာ အချိန်ကုန်လွန်တော်မှုတော့သည်။
နောက်တစ်နေ့ ကိုယ်လုပ်တော်၏မသာတော်ကို သဂြိုလ်ဖို့ မြို့တော်ထဲ၊နန်းတော်ထဲ၌ အလုပ်ရှုပ်ကြကုန်တော်၏။
လူချစ်လူခင်ပေါ်သော ကိုယ်လုပ်တော်မှာချစ်ခင်တဲ့လူရှိသလို မုန်းတီးတဲ့လူလဲရှိကြသည်။
'"'တောက် ဒင်းသေတာအရေးမကြီးဘူး ငါတို့ပါ တရားခံမျက်စိနဲ့အကြည့်ခံရဦးမယ်။နဂိုကတည်းကမှ သားတော်နဲ့မတည့်ပါဘူးဆို ဒင်းကသေတာတောင်ပတ်မွှေသွားသေးတယ်။ကောင်းကျိုးမပေးတဲ့ဟာ'"'
'"'မယ်တော် ကျွန်တော်မျိုးမလဲ ကိုယ်လုပ်တော်ရဲ့ အသုဘကိုသွားတော့မှာမို့လို့ လက်ဖက်ရည်ပွဲကို ဒီလောက်နဲ့ပဲ ခွင့်ပြုပါဦးရှင့်'"'
ဆိုပြီး လက်အုပ်ချီကတော့ပြီး ပိုးထိုင်မသိမ်းကို တစ်ချက္မလျက် ထိုလက်ဖက်ရည် စကားစမြည်ပွဲမှ ရုတ်တရက်ထွက်လာခဲ့တော့တယ်
'"'မိဘုရားခေါင်ကြီးဖြစ်ပြီး အသုံးကိုမကျဘူး လက်ဆက်ထားတော်မှုတာကဖြင့် နှစ်ပေါင်းများစွာကြာြမင့်တော်မှုပြီ အခုချိန်ထိ သန္ဓေတည်တယ်ဆိုတာ မကြားဖူးဘူး '"'
'"'ဒီက ဒုတိယမိဘုရားနဲ့ပထမကိုယ်လုပ်တော်တို့လဲ သန္ဓေတည်နိင်အာင်အရှင်ဘုရားကို ဆွဲေဆာင်ကြည့်ကြဟုပြီးလား။ဟိုကောင်မရဲ့ သန္ဓေဆိုးတွေကိုတော့ ဘလိုမှ အိမ်ရှေ့စံတွေ ဖြစ်မရအောင် တားရမယ် ။ကယ် အာ့ဆိုလဲ သွားပြင်ဆင်ကြဆို့ အသုဘသွားရဦးမယ်။'"'
YOU ARE READING
လရောင်လွမ်းသော အလွမ်းနေ {Ongoing}
Historical Fictionမတော်တဆမှုကြောင့် ရေနစ်ပြီး လွန်ခဲ့သော နစ်ပေါင်း၃၀၀ ကျော်ကို ရောက်သွားသော ကောင်လေးတစ်ယောက် အချစ်ဆုံးကိုယ်လုပ်တော် လုပ်ကြံပြီး အမှုထုတ်ဖော်မဲ့ဘုရင်မင်းကြီး အကြောင်းမျိုးမျိုးကြောင့် တွေ့ဆုံရမဲ့ သူတို့နှစ်ဦး ကြုံလာမဲ့ဒုက္ခ အမျိုးမျိုးကို နှစ်ဦးသ...