ဒုတိယကိုယ်လုပ်တော် ဆုံးပြီး ၄၄ရက္မြောက်နေ့ မနက်တွင်
""အရှင်ဘုရား အကြံပေးအမတ်ကြီး တွေ့ခွင့်တောင်းနေပါတယ် အရှင်ဘုရား""
""၀င်လာခိုင်းလိုက် အထိန်းတော်""
""၀င်သွားလို့ရပါပြီ အမတ်ကြီး ""
""အရှင်ဘုရားကို ဂါရ၀ပြုအပ်ပါတယ် အရှင်ဘုရား'"
ဆိုပြီး သုံးကြိမ်ဦးချပြီး
""အမတ်ကြီး အကြောင်းရှိလို့ပါလား""
""ဟုတ်ကဲ့အမတ်ကြီး ကျွန်တော်မျိုး လူစာရင်းလေး လာလျှောက်တင်တာပါ အရှင်ဘုရား""
""ဟုပါပြီ ကိုယ်တော် ဖတ်လိုက်ပါမယ် >>> အော်ဒါနဲ့ အမတ်ကြီး အရင်က နန်းတွင်းထဲ ဟောတမ်းစာတို့ ဟောကိန်းတို့မကြားမိဘူးလား""
""အဲ့လိုတော့မကြားမိပါဘူး အရှင်ဘုရား""
""ဟုတ်လား""
သူတို့နစ်ယောက်စကား ပြောနေကြတုန်း
""အရှင်ဘုရား သက်တော်စောင့် မောင်ကောင်းတွေ့ခွင့်တောင်းနေပါတယ် အရှင်ဘုရား""
""၀င်လာခိုင်းလိုက် အထိန်းတော်ကြီး""
မောင်ကောင်း၀င်သွားတော့ အရှင်ဘုရားအတူတူ စကားပြောနေတဲ့ အမတ်ကြီးကိုမြင်တော့
""အမတ်ကြီးလဲရောက်နေတာပဲ""
ပြောပြီး
လက်ဆွဲတော် ငှက်ကြီးတောင်ဓားကို ဘေးနားချပြီး
""အရှင်ဘုရား ဂါရ၀ ပြုပါတယ်""
""ဘာထူးခြားလဲ မောင်ကောင်း""
""အရှင်ဘုရား မနေ့ညက စုံစမ်းခိုင်းထားတဲ့ ကိစ္စက အရင်နတ်နန်းက ဆရာမက ထိုဟောကိန်းနဲ့အပြီးပျောက်သွားတယ်လို့စုံစမ်းရမိပါတယ် အရှင်ဘုရား""
မောင်ကောင်းလျှောက်တင်တဲ့ အကြောင်းအရာကိုအမတ်ကြီးကကြားသိတော့ မျက္မှောင်ကုပ်ပြီး
""မောင်ကောင်းစုံစမ်းတဲ့ အရင်နတ်နန်းက နတ်ဆရာမအဟောင်းဆိုတာ ဆရာမကြီးသီရိစံပယ်ရွှေ လားဗျ အရှင်ဘုရား!!!! အကြောင်းမရှိဘဲပျောက်သွားတဲ့ ဆရာမလေ""
YOU ARE READING
လရောင်လွမ်းသော အလွမ်းနေ {Ongoing}
Historyczneမတော်တဆမှုကြောင့် ရေနစ်ပြီး လွန်ခဲ့သော နစ်ပေါင်း၃၀၀ ကျော်ကို ရောက်သွားသော ကောင်လေးတစ်ယောက် အချစ်ဆုံးကိုယ်လုပ်တော် လုပ်ကြံပြီး အမှုထုတ်ဖော်မဲ့ဘုရင်မင်းကြီး အကြောင်းမျိုးမျိုးကြောင့် တွေ့ဆုံရမဲ့ သူတို့နှစ်ဦး ကြုံလာမဲ့ဒုက္ခ အမျိုးမျိုးကို နှစ်ဦးသ...