အပိုင်း - ၄ (ဇာတ်သိမ်းပိုင်း)

944 59 3
                                    


" အစ်ကို ကျွန်တော် ဒီကေ့စ်ကို သိပ်မရှင်းလို့ "

ရှိန်ထက်ဇေ၏ စားပွဲဆီဆိုက်ဆိုက်မြိုက်မြိုက်လာမေးသူက မကြာသေးမီကမှ house surgeon လာဆင်းသည့် ကောင်းမြတ်သောဆိုသော ကောင်လေးပင်။

မိမိတို့ wardတွင် internလာဝင်သည့် ကလေးများကို ဂရုစိုက်ရမည်က မိမိတို့တာဝန်ဟု
ခံယူထားသူမို့ ရှိန်ထက်ဇေက houseကလေးများကို နွေးနွေးထွေးထွေး ဆက်ဆံပေးဖြစ်၏။

တစ်ချို့စီနီယာများက မိမိတို့ကိုယ်တိုင် houseဘဝကို ဖြတ်သန်းခဲ့ရသည်ကိုပင် မေ့နေကြသည့်အလား houseကလေးများကို လက်တွဲမခေါ်ချင် မသင်ပြချင်ကြ။

ဆေးရုံအုပ်ကိုယ်တိုင် house ကလေးများကို ကူညီပေးရန်ပြောထားသော်လည်း တစ်ချို့က အလုပ်ပိုသည်ဟု သဘောထားကြပုံဖြင့် အလုပ်သင်များကို အရေးမစိုက်ကြ။

ထို့ကြောင့် houseကလေးများကလည်း ဘာသိဘာသာနေကြသည့်အခြားစီနီယာများထက် သူတို့အပေါ် လိုက်‌လိုက်လျောလျောနှင့် ဂရုတစိုက်ရှိသည့် ရှိန်ထက်ဇေကို ပိုကပ်ကြ၏။

မသိသည့်အကြောင်းအရာများရှိသည့်အခါတိုင်း ရှိန်ထက်ဇေဆီသာ လာရောက်တိုင်ပင်မေးမြန်းကြမြဲ။

ယခုလည်း ရှိန်ထက်ဇေက ကောင်းမြတ်သောကိုအသာပြုံးပြရင်း ခုံတစ်လုံးပါချပေးလိုက်ပြီး တစ်ဆက်တည်းမှာပင် လက်ထဲမှ ဖိုင်တွဲကိုယူကြည့်လိုက်ကာ...

" ဪ ဟုတ်လား ထိုင်လေညီလေး အစ်ကို တစ်ချက်ကြည့်ပေးမယ်လေ ဘယ်နေရာ မရှင်းတာလဲ "

" ဒါလေးပါ "

" ဪ အဲဒါက "

ရှိန်ထက်ဇေ သူသိသလောက် အတတ်နိုင်ဆုံး ကြိုးစားရှင်းပြလိုက်၏။

ကောင်းမြတ်သောကလည်း သူ့အပြောကို ခေါင်းတဆက်ဆက်ညိတ်ရင်း ဂရုတစိုက်နားထောင်နေသည်။

မိနစ်ပိုင်းခန့်အကြာ ရှိန်ထက်ဇေ၏ ရှင်းပြမှုက အဆုံးသတ်ခြင်းသို့...

" ဘယ်လိုလဲ အခုရော ရှင်းသွားပြီလား ညီလေး "

" ဟုတ်ကဲ့ သေချာသဘောပေါက်သွားပါပြီ ကျေးဇူးပါဗျ "

တမ်းတလို့ရော် မှန်းဆလို့မျှော်/ တမ်းတလို့ရော် မှန်းဆလို့မျှော်( completed)Where stories live. Discover now