ep-ep11

856 31 0
                                    

U&Z

"မမထား....ပြီးရင် ဘာဝယ်ဦးမှာလဲ"

"Lotion နဲ့ perfume ဝယ်မယ်၊ perfume အနံ့ပြောင်းချင်လို့ lotion ကကျ ကုန်ပြီ"

"အင်း...ရေမွှေးကပြောင်းချင်တာပြောင်းရတယ်၊ shampoo တော့မပြောင်းနဲ့နော်

"ဘာလဲ ကြိုက်လို့လား"

"အဖွားကြီးနော် ၊ကြိုက်လို့ပြောနေတာပေါ့၊ မပြောင်းနဲ့ဆို မပြောင်းနဲ့ပေါ့။လာ သွားမယ် တခြားလိုတာသွားဝယ်မယ်"

"ချေတာအေ.."

shampoo မပြောင်းစေချင်တာတောင် ချေမိုးကာ ပြောသွားသော အချေလေးအား ကြည့်ပြီး ထားမှာ မနိုင်ပါဘူးဟူသော အပြုံးဖြင့်သာ.....။
....................

"နွေ နင်တို့ကကြာလိုက်တာဟာ၊ ငါတောင်လိုတာတွေဝယ်ပြီး မုန့်ထိုင်စားနေပြီကို မြန်မြန်လာ"

"ရောက်ပြီ ငါတို့က ၊ပါကင်ထိုးနေလို့ပါဟဲ့ ခန"

"အာ့ဆို ဒါပဲ ၊ငါတို့နှစ်ယောက်က ထိုင်နေကြ ဆိုင်ထဲမှာ ဝင်သာလာခဲ့တော့"

"ဂွပ်"

"မမထားကလည်း သူ့သူငယ်ချင်းတွေကိုပဲ စွတ်ခေါ်နေတာ ၊မသိရင် ရေးက သူ့ကို ကိုက်စားမှာကျနေတာပဲ"

"အွန်....ကိုက်စားဖို့မပြောနဲ့ ထိစေချင်တာတောင် ရှင်က ထိလို့လားပြော၊ ဘာဖြစ်တုန်း ကျွန်မသူငယ်ချင်းတွေ ကျွန်မခေါ်တာ"

"ဘာ့ဖြစ်ဘူး...."

ထိုစဉ် နွေတို့ရောက်လာပြီး ခုံမှာဝင်ထိုင်ကာ

"ကဲ.....ရှင်တို့နှစ်ကောင် ကိုက်နေကြပြန်ပလား ပြော"

"သူအရင်လာကိုက်တာ ကိုယ့်သူငယ်ချင်းတွေ ကိုယ်ခေါ်တာကို ပွစိပွစိလာပြောတာသူ"

"မမထားပဲ ရေးက ထိစေချင်တာတောင် မထိလို့ဆိုပြီး ရန်လာထောင်တာလေ"

"ကဲကဲ ရှင်တို့တော်ကြမလား မနွေက ရှင်တို့နှစ်ယောက်ကို ခွဲထားရမလားပြော"

နွေ့စကားကြောင့် ထားမှာဘေးကရေးကိုဆွဲဖက်ပြီး ရေးနားကိုပိတ်ထားကာ ရေးကလည်း ထားကို ပြန်ဖက်ထားတာကြောင့် ယုယနဲ့ သံဇဉ်မှာ မျက်နှာကြီးတွေရှုံ့မဲ့လို့

အချေလေးကိုချစ်မိပြီ အေခ်ေလးကိုခ်စ္မိၿပီ Where stories live. Discover now