ep-ep20

1.6K 54 16
                                    

U&Z

"ကိုကို"

မျက်လုံးကိုအားယူဖွင့်ပေမယ့် အမြင်အာရုံတွေက အရမ်းကိုဝေဝါးနေတယ်။ အဖြူရောင်မျက်နှာကျတ် ​​ကြီးက စိတ်ပျက်ဖို့ကောင်းလို့တာ။

"ညီလေး....နိုးပြီလား"

သတိရနေသူရဲ့နာမည်ကိုခေါ်တော့လည်း ပြန်ကြားလိုက်ရတာက ကိုကြီးရဲ့အသံ။

"အား....ကျွတ်ကျွတ်"

ကုတင်ပေါ်က ကုန်းထတော့ ကိုကြီးကလာထူပေးပါတယ်။
အခန်းတစ်ဝိုက်ကိုဝေ့ကြည့်တော့ ဒါ နိုင့်ရဲ့အခန်းမဟုတ်၊ဆေးရုံတစ်ခုဖြစ်မည်ထင်။ မျှော်လင့်နေသူကို မတွေ့ရတော့ နိုင် ရင်မောသွားရ၏။ နိုးနိုးချင်း တွေ့ရမယ်ထင်တာ။

"ညီလေး....ကိုကြီးတို့စကားပြောရအောင်"

နိုင်သိပါတယ်။ကိုကြီးပြောတော့မယ်ဆိုတာ၊ နိုင်မျက်နှာငယ် နေရုံသာတတ်နိုင်တော့တယ်။

"ကိုကြီးကို ပွင့်ပွင့်လင်းလင်းပြောပါ၊ ညီလေးပြောတဲ့ အရမ်းလှတယ်ဆိုတဲ့ချစ်သူက ဘယ်သူလဲ"

"ကိုကြီး!"

"မဟုတ်သေးဘူးညီလေး၊ မဖြစ်သင့်ဘူးဆိုတာ သိတယ်မှလား"

ကိုကြီးစကားကြောင့် ရင်ထဲအင့်ခနဲ။

"အဟွန်း..ဘာလဲ ၊ကိုကြီးကပါ ညီလေးဘက်မရှိဘူးလား"

"ဟင်း......လူလွတ်တစ်ယောက်ဆိုရင် ကိုကြီးမပြောဘူး။ခုဟာက အိမ်ထောင်သည် ကလေးတစ်ယောက်အဖေကွ!!"

"ဘာဖြစ်လဲ...၊အဲ့တော့ရော ဘာဖြစ်လဲလို့။ နိုင် ကိုကို့ကို ဘယ်လောက်ချစ်လဲ ကိုကြီးသိလား!! နိုင်ကတွေ့တာ နောက်ကျခဲ့ရုံပါ... နိုင် ကြိုးစားပြမယ်ကြည့်နေ!!"

"နိုင်မင်းထွန်း!...မင်းက ငါ့ရှေ့တောင် နိုင်ဆိုတဲ့ အသုံးအနှုန်းကို သုံးနေပြီလားဟမ်!"

"ဘာဖြစ်လဲ၊ အဲ့ဒါဘာဖြစ်လဲ နိုင်ဘယ်ချိန်ထိ ဟန်ဆောင်နေရမှာလဲ။ နိုင်က တစ်သက်လုံး ကိုကြီးပေးတာယူ၊ ကျွေးတာစား ကိုကြီးစိတ်တိုင်းကျနေနေရတာ။ ခုလည်း နိုင်ကအခြောက် ဆိုတာကိုသိသွားရင် မမွေးစားတော့မှာဆိုးလို့ ဟန်ဆောင်နေရတာ။ လိင်စိတ်တိမ်းညွတ်မှုကအစ ဘယ်ချိန်ထိ ကိုကြီးကိုကြောက်လို့ ဟန်ဆောင်နေရမှာလဲ!!"

အချေလေးကိုချစ်မိပြီ အေခ်ေလးကိုခ်စ္မိၿပီ Where stories live. Discover now