လောလောဆယ် ရေးလက်စficနှစ်ပုဒ်နဲ့ အပြီးသတ်နေဆဲဖြစ်တဲ့ ficတစ်ပုဒ်ကြောင့် Excuse meလေးကို Daily updateပေးဖို့က ကိုယ့်အနေနဲ့ ဘယ်လိုမှကို အဆင်မပြေနိုင်ပါဘူး။
ကိုယ်က ficတစ်ပုဒ်ရေးရင် အဲဒီတစ်ပုဒ်ထဲကိုသာ အာရုံစူးစိုက်ပြီး တစိုက်မတ်မတ်ရေးတတ်တာကြောင့် နှစ်ပုဒ်လုံးကို ပြိုင်တူရေးဖို့အတွက်ကျ လုံးဝအဆင်မပြေပါဘူး။ဒါကြောင့် အားလုံးနဲ့အဆင်ပြေအောင်ညှိပြီး Excuse meလေးကို သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ updateပေးဖို့ စဥ်းစားထားပါတယ်။
ဒါကလည်း ကိုယ်တော်တော်လေး ကြိုးစားညှိယူထားရတာပါနော်။ဒါကြောင့် ရေးရတဲ့သူ အားတက်စေဖို့ reviewလှလှလေးတွေကိုပဲ မျှော်လင့်မိတယ်။
voteနည်းရင်လည်း အပိုင်းသစ်ကို ထပ်မupပေးနိုင်ပါဘူး။
အခုထဲကနဲ့ ကြိုတင်အစီရင်ခံထားတာပါ။ဒီလိုလုပ်ခြင်းက စာရေးနေတဲ့စိတ်ဝိဥာဥ်လေးအပေါ် ကိုယ့်အနေနဲ့ လေးစားသမှုထားတဲ့အနေနဲ့ပါ။
Excuse meလေးကို ယူတို့စောင့်ရကျိုးနပ်အောင် သေသေချာချာလေး ရေးသွားမှာပါ။
ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် ကိုယ့်ဘက်က ပေါ့ပျက်ပျက်မရေးသွားပါဘူးလို့ အာမခံပါတယ်။သတင်းကောင်းအနေနဲ့ မနက်ဖြန် သောကြာနေ့မှာ အပိုင်းသစ်လေးနဲ့ပြန်လာခဲ့ပါမယ်ဗျ။