Chapter-2

458 95 36
                                    

" ဆိုတော့.. ဟိုလဒ အခုလိုဖြစ်နေတာ ဒေါက်တာကင်မ်ဆော့ဂျင်ကြောင့်ပေါ့ ဟုတ်လား "

" ​အေး ၊ မင်းမြင်တဲ့အတိုင်းပဲ သားကြီး "

" နေဦး ၊ ငါနားကြားမှားလိုက်တာတော့ မဟုတ်ပါဘူးနော်..
အခု ဘယ်သူက ဘယ်သူ့ကို..."

" ငှက်ဒစ်ပဲ ဟေ့ကောင်ရေ ၊  မင်းအဖေဂျွန်ဂျောင်ဂုက မင်းရဲ့နောက်ထပ်အဖေဖြစ်လာမယ့် ဒေါက်တာကင်မ်ဆော့ဂျင်ကို ကြွေသွားလို့တဲ့ ရှင်းပြီလား "

Weekendမို့ JungKookတို့သူငယ်ချင်းတစ်စု ထုံးစံအတိုင်း Barတစ်ခုသို့ရောက်နေကြခြင်း။
အပီအပြင်ကဲဖို့ စီစဥ်ထားကာမှ စရောက်လာကတည်းက သေမလိုမျက်နှာပေးနှင့် ဝိုင်တွေသာ  တစ်ခွက်ပြီးတစ်ခွက် ဖိသောက်နေသော JungKookကြောင့် အားလုံးမှသတိထားမိကာ ယခုလိုမေးယူရခြင်းဖြစ်၏။

" ဂျွန်ဂျောင်ဂု ၊ မင်း ဂေါက်သွားတာတော့ မဟုတ်ပါဘူးနော် "

" အေး "

အားလုံးထဲမှ အအံ့သြနေရဆုံးနှင့် မယုံမကြည်နိုင်ဖြစ်နေသည့် နမ်ဂျွန်းမှ မေးလာခြင်းသာ။

" မင်းရုပ်ကလည်း ၊ ရည်းစားတောင်မဖြစ်ရသေးဘူး မသိရင် ဆယ့်နှစ်ဘဝစာလောက် အသည်းကွဲလာရတဲ့အတိုင်းပဲ "

နမ်ဂျွန်းမှ ဆက်လက်၍စနောက်ဟန်ဖြင့် မေးလိုက်ပါသော်ငြား JungKookက ဘာမှပြန်မပြောတော့ပဲ ဝိုင်ကိုသာ အကုန်မော့သောက်လိုက်သည်။

" အာ.. ၊ ဒါငါ့အစ်မတာဝန်ကျနေတဲ့ဆေးခန်းပဲ"

ထိုစဥ် အဖွဲ့ထဲ၌ အရပ်အရှည်ဆုံးနှင့် ခန္ဓာကိုယ်အမိုက်ဆုံးဖြစ်သည့်အပြင် ရုပ်ရည်ကလည်းလန်ထွက်နေသည့် ဂျယ်ဂယောင်းထံမှ ဤစကားထွက်လာတာကြောင့် အားလုံးရဲ့အကြည့်တွေက စူးခနဲ။
ထိုအထဲတွင်မှ JungKookရဲ့အကြည့်စူးစူးတွေက ဂျယ်ဂယောင်းထံသို့ တန်းတန်းမတ်မတ်ရောက်ချလာပြီးနောက် ချက်ချင်းမျက်နှာကိုပြန်လွဲသွား၏။

Hoseokကတော့ ဝမ်းသာအားရဖြင့် နံဘေးရှိ ဂျယ်ဂယောင်းအား ပုခုံးမှလှမ်းဖက်လိုက်ကာ...

" အတော်ပဲ ယောက်ဖ ၊ မင်းအစ်မတာဝန်ကျတဲ့ဆေးခန်းဆိုတော့ ဒေါက်တာကင်မ်ဆော့ဂျင်အကြောင်း မင်းလည်းနည်းနည်းပါးပါးတော့ကြားဖူးမှာပေါ့ "

Excuse me , I Love YouWhere stories live. Discover now