part-7

3.2K 99 17
                                    

မိုးတွေကမရပ်မနားတမ်း ရွာနေဆဲပင်
ကားပေါ် ထိုင်နေရသည့်တိုင် ဘုံ အချမ်းမပြေသေး
မေးဖျားတို့ တုန်ယင်နေတာတောင် သူမ အကြည့်တို့က မေ့မျောနေသည့် မာဂရက်ထံ ရောက်ရောက်သွားရသည်။

"ပြောစကားဆို နားမထောင်ဘူး"

ကားပေါ်ရောက်သည့်တိုင် ဘဲွ့ဖြူ မျက်၀န်းတို့က စိူးရိမ်စိတ်တွေ ပြည့်နှက်နေသည်။
ထွက်လာသောစကားတို့ကတော့ အကောင်းတိုင်းဟုတ္မနေ

"သူ့ကို ဘယ်လို လုပ်ကြမလဲ"

ဘုံက မသိချင်ယောင်ဆောင်ကာမေးတော့

"ပြန်လှည့်ရမှာပဲ"

"ဟင် နဲနဲလောက်စောင့်မကြည့်ဘူးလားဟင်"

"သူတစ်ခုခု ဖြစ်သွားရင် မင်းတာ၀န်ယူနိုင်လို့လား"

သူ့အပြောကြောင့် ဘုံ့အသံလေးတိတ်သွားရသည်။
ဒီလူနဲ့ ကီးကိုက်အောင် နေဖို့လည်း စိတ်ကူးကမရှိပြန်
အရေးကြီးတာက သူမဖုန်း ပြန်ပြင်ဖို့နှင့် ဒီရွာကနေ တစ်နည်းနည်းနဲ့ ပြန်ထွက်ရဖို့ပင်

ကားကို ပြန်ကွေ့ပြီး လာရာလမ်းအတိုင်းမောင်းလာတော့ ညမိုးချုပ်နေလေပြီ
နှစ်ယောက်သား စကားသံတို့ တိတ်ဆိတ်နေကာ ဘုံက လက်သည်းကိုက်ရင်း အသည်းသန် အိမ်ကြီးဆီ မရောက်ဖို့ ဆုတောင်းနေလေသည်။
ထိုစဥ္

ကားနောက်ခန်းက တိုးသဲ့သောအသံကြောင့် နောက်ကြည့်မှန်ကနေ ဘဲွ့ဖြူကြည့်လိုက်သည်။

"ကျွီ!!!'

"ဟင် ဘာဖြစ်တာလည်း"

ကား ကို ရုတ်တရက်ဘရိတ်အုပ်လိုက်တာကြောင့်  ဘုံ လန့်သွားကာ

"မေးနေတယ်လေ ဘဲွ့ဖြူ ဘာဖြစ်တာလဲလို့"

"ဆောရီး အိပ်ငိုက်သွားလို့"

ဘုံက အကင်းပါးစွာ နောက်လှည့် ကြည့်ဖို့လုပ်တော့ သူမမျက်လုံးတွေကို ဘဲွ့ဖြူက ကျယ်ပြန့်သောလက်၀ါးနှင့် အုပ်ကာလိုက်သည်။

"ဟင့်အင်း ဖယ်နော် "

"မကြည့်ရဘူး "

သူ့လက်တွေကို အတင်းခွါချဖို့ကြိုးစားနေတဲ့ ဘုံကို သူအကြားကြီး မတားဆီးနိုင်

မာယာကျော့ရှင် (1930)Where stories live. Discover now