part-11(🔞🔞)

5.3K 156 26
                                    

မြူတွေဆိုင်းနေလိုက်ပုံများ ရှေ့တောင်သိပ်မမြင်ရ
နှင်းသံတဖျောက်ဖျောက်က ခပ်စိပ်စိပ်ကျနေသည်။
သစ်တောအုပ်ထဲမှာ ၀တ်ရုံနက်ကို ခြုံလွှမ်းရင်း ပြေးလွှားနေသော မိန်းမငယ်တစ်ဦး
မြက်ရိုင်းတွေရှတာကြောင့် သူမခြေသလုံးနှင့်
ခြေဖ၀ါးတို့ဟာသွေးစတို့တစိမ့်စိမ့်ထွက်လာနေ၏။

သူမပြေးနေတာ မမောနိုင်မပန်းနိုင်
နေမမြင့်ခင် ယုဇန ရွာကို ရောက်ရန်အရေးကြီးသည်။
ထိုရွာကနေ ဘူတာကို သွားဖို့ လွယ်ကူပြီး ငွေကြေးအတိုအစနဲ့ဆို ရန်ကုန် မြို့ဆီသူမ သွားနိုင် မည်ဖြစ်သည်။

တစ်ညလုံး မအိပ်ပဲ ချလိုက်သောဆုံးဖြတ်ချက်တို့က ည ၃နာရီလောက် မှာ အကောင်ထည်ဖော်ဖို့ဖြစ်လာခြင်းဖြစ်သည်။
မင်းခေါင်ဆိုသော လူနှင့် သူမ မတွေ့ချင်
မသိစိတ်မှာ ထွက်ပြေးဖို့ကိုသာ တိတိကျကျ အချက်ပေး၏။

"အမေ့"

ပြေး ရင်းလွှားရင်းနှင့် သစ်ငုတ်တိုက ၀င်တိုက်တော့ ရှေ့ကို ဟပ်ထိုးလဲ၏။
လက်ဖ၀ါးတို့က ပွန်းပဲ့ကာ ချက်ချင်းရဲတောက်လာသည်။

"အား ကျွတ် ကျွတ်"

ချော်လဲတော့မှာ ပြေးလွှားနေတာရပ်တန့်မိပြီး
နာရကောင်းမှန်းသိလာသည်
လူကကိုင်ရိုက်ထားသလိုနာကျင်ကာ ခြေဖ၀ါးတို့ကကျိန်းစက်နေသည်။

သိူ့ပေမယ့်စိတ်အားတင်းကာ
သူမ ယုဇနရွာဘက် မှန်းဆကာလှမ်းလိုက်သည်။
တစ်ခါမှ မသွားဖူးသောခရီးပေမယ့် ရွာချင်းကပ်လျက် မို့ သစ်တောအုပ်ကျော်လွန်ပြီးတာနဲ့ လမ်းမပေါ်ရောက်ပြီဖြစ်သည်။

အခုချိန်လောက်ဆို အိမ်တော်ကလည်း သိလောက်ပြီမို့ သူမခပ်သွက်သွက်လှမ်းကာ
လမ်းပေါ်ရောက်အောင်သွားလိုက်သည်။

လမ်းသွားလမ်းလာမရှိသေးတာကြောင့်
သူမ ၀တ်ရုံကို ခပ်တင်းတင်းလွှမ်းခြုံလိုက်ရင်းကြည့်လိုက်တော့

"ဟင်!!!!"

ရှေ့ခပ်လှမ်းလှမ်းမှာ ကားတစ်စီး
ရပ်ထားတာလား ပျက်နေတာလားမသိ
သူမ ရှေ့ဆက်တိုးရမလိုလို နောက်ဆုတ်ရမလိုလို ဖြစ်သွား၏။

မာယာကျော့ရှင် (1930)Where stories live. Discover now