အခန်း {၁}

2.7K 279 27
                                    

ငြိမ်းချမ်းလှတဲ့အလှပိုင်ရှင် အမျိုးသမီးကြီးဟာ သိပ်အဆိပ်ပြင်းလှမယ်လို့ မည်သူထင်မှာလဲ။ သူမရဲ့ ကလေးဘဝကို ရက်စက်တဲ့စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ ဒီအဆိပ်ပန်းလေးဟာ သိပ်ကိုကြောက်ဖို့ကောင်းလွန်းသည်။ ထို့ထက်ကြောက်ဖို့ကောင်းသည်က အဆိပ်ပန်းမှန်းသိလျှက်နှင့် မြတ်နိုးစွာပန်ဆင်လိုမိသည့်သူမကိုယ်တိုင်ပါပဲ။ ဖြေဆေးမရှိတဲ့ အဆိပ်ပန်းလေးကို သူမက သိပ်ချစ်မိသတဲ့လေ။

🧪

မီးရောင် ထိန်လင်းနေသည့်ကြားတွင် ကြီးမားလှသည့် ဧည့်ခန်းဟာ ပိုပြီးတောက်ပခန့်ညားလို့နေသည်။ သို့သော် လူတွေများပြားလို့နေ၍ အမြင်မှာ ရှုပ်ရှက်ခတ်နေစေမှာအမှန်။

"ပိုင်လေး လူတွေရှုပ်နေတာကို အဲ့လိုတွေပြေးမနေရဘူးလေ ချော်လဲကုန်မှဖြင့်ကွယ်"

"ပါးပါးဆီသွားမလို့ပါ မေမေရယ် ဟီး"

ယုန်သွားလေး နှစ်ချောင်းနဲ့ ပြောနေသည့် သူလေးကြောင့် မေမေဟာပြုံးသွားသည်။

"မေမေလိုက်ပို့မှာပေါ့ကွယ်... လာလာ"

ပိုင့် လက်ကိုတွဲလိုက်တော့ မျက်နှာလေး မသိမသာရှုံ့မဲ့သွားသည်။ ဒါကို ပိုင့် မေမေဟာ မြင်ကာ ပြုံလေသည်။ ပိုင်ဟာ သူ့အဖေဆီသွားချင်တာကနည်းနည်း လမ်းမှာပြေးလွှားဆော့ချင်တာကများများလေ။ ဒါကို မေမေက သိသည်လေ။ ထို့ကြောင့် လိုက်ပို့တာ။ သို့သော် ခဏအကြာမှာ မေမေ့ အပြုံးလေးတို့ လွှင့်စင်သွာတော့သည်။

"အဟင်း မတွေ့တာကြာပြီနော် ဒေါ်ခင်မမ"

ရယ်သံလေးနှင့် ပြုံး၍ပြောလာသည့် ပိုင် မော့ကာငေးကြည့်နေမိသည်။ မော့တယ်ဆိုဦး ပိုင့်ထက်အများကြီးရှည်သည်မဟုတ်လား။ မေမေ့ အပြုံးတွေကို လွင့်စေသည့် ဒီအမျိုးသမီးဟာ ပိုင့်အတွက် ပိုင် တီဗီထဲမှာမြင်ဖူးတဲ့ နတ်သမီးတစ်ပါးအလားပင်။ အလင်းတွေဖျာထွက်နေခဲ့တာ။

မေမေကတော့ ထိုနတ်သမီးလေးမမ အမေးကြောင့် ပိုင့်လက်လေးကိုကိုင်ထားသည့် လက်လေးဟာတင်းခနဲဖြစ်သွားသည်။

"နန်းထိုက်!"

"အို ရှင့်ကလေးလေးက ချစ်စရာလေးပဲရှင်။ ရှင် သိပ်ပျော်နေမှာပေါ့ကွယ် ဟုတ်သလား"

ချစ်ဆိပ်ပန်Where stories live. Discover now