အခန်း {၂}

1.1K 210 7
                                    

"အာ့ အီးဟီး... နာ... နာတယ်"

"အသံမထွက်နဲ့စမ်း!!! တိတ်!... တိတ်လို့ဆို"

"အင့်"

ငိုနေတာကိုရပ်လိုက်ပေမဲ့ ဗိုက်ခွက်လိမ်ဆွဲခံထားရတာကိုတော့ အခုထိမလွှတ်သေးပါဘူး။ လက်သည်းတွေနဲ့မို့ ပိုင့် အနားနုနုလေးတွေဟာ အသည်းစိမ့်နေအောင်အထိကိုနာပါသည်။

"စောစောစီးစီး မင်းတို့ စောက်သံတွေချည်း!"

ပုဆိုးကို အိပ်ချင်မူးတူးပြန်ဝတ်ရင်းထလာသည့် ဦးလေးအသံကိုကြားတော့ ပိုင့်ကိုယ်လေးတုန်သွားသည်။

"ဘယ်နားက စောရမှာလဲ တော်ရဲ့!... နာရီကို ကြည့်ဦး နေက တော့်ဖင်ထဲကိုဝင်နေပြီ"

"ကျွတ်စ် အခုက ဘာဖြစ်ရပြန်တာလဲ"

ထိုတော့မှ ပိုင့် ဗိုက်လေး ခပ်စူးစူးနာကျင်မှုဟာလွတ်သွားသည်။

"ဒီကလေးပေါ့ ဟင်းအိုးကြည့်ခိုင်းတာကို အိပ်ငိုက်နေတော့ တူးကုန်ပြီလေ"

"မင်းက ဘာလုပ်နေလို့လဲကွ"

"ကျွန်မ လမ်းထိပ်ကဒိုင်ဆီ နှလုံး(2D) သွားထိုးနေလို့လေ တော်ရေ!"

ဦးလေးကြီးသည် အိပ်ချင်မူးတူးဖြစ်နေသည့် သူ့မျက်နှာကိုပွတ်သပ်သည်။ ပြီးနောက် ပိုင့်ကို ခပ်စူးစူးကြည့်သည်မို့ ပိုင့်မျက်နှာလေးကို အောက်စိုက်လိုက်မိသည်။

"မင်းမှာလည်း အကြောင်းတွေချည်း"

"အဲ့တော့ဘာဖြစ်လဲရှင်... အဲ့ကလေးကိုဆို ကာချည်းကာပေးနေတယ်နော်!... ကြည့်လုပ် ဆိုးလာရင် တော် ထိန်းရမယ်မှတ်"

ဦးလေးကြီးသည် ပိုင့်ကို ကာပေးတာမျိုးမရှိသော်လည်း အမြဲထိုသို့ပြောခြင်းခံရသည်။

"ညက မင်းစောက်လုပ်တွေသူလုပ်ပေးထားတယ်လေ!... အဲ့တော့ အိပ်ချင်မှာပေါ့"

"အဲ့အလုပ်တွေ ကျုပ်လုပ်ရင် ညကြီး တော်နဲ့ထသတ်ရမှာလေ... နှစ်ယောက်လုံးအကောင်းတိုင်း ရှိနေသေးတာကို ကျေးဇူးတင်စမ်းပါရှင်"

ဦးလေးကြီးသည် ညတိုင်းလိုလို သူ့ဘော်ဒါတွေနှင့် အရက်သောက်သည်။ အရက်သောက်တိုင်း အမြည်းဘာညာကို ပိုင့်ကိုပဲသွားချခိုင်းသည်။ ဦးလေးကြီး စိတ်ကြည်နေရင် ပိုင်ဟာ အမြည်းဘာညာစားရပေမဲ့ စိတ်မကြည်နေရင် အသက်ရှူမဝလောက်အောင်ထိရိုက်ခံရသည်။ ကန်ခံရသည်။

ချစ်ဆိပ်ပန်Where stories live. Discover now