အခန်း {၃}

1.2K 195 14
                                    

"အာ့!"

"ပိုင်ပိုင်!... ပိုင်ပိုင်လေး သတိရလာပြီ"

မျက်လုံးဖွင့်ဖွင့်ခြင်း စိုးရိမ်တကြီးမေးနေသည့်သူကြောင့် ပိုင့်မျက်ဝန်းလေးတွေစို့နစ်သွားသည်။ ပြီးနောက် ပိုင်ကြောက်ရွံ့စွာ ထထိုင်လိုက်သည်။ ပိုင်သည် အိပ်ရာမရှိ၊ ခေါင်းအုံးမရှိ၊ စောင်မရှိ ညစ်ပတ်တဲ့ကြမ်းပြင်ပေါ်တွင် ဒီတိုင်းအိပ်နေရသည်မဟုတ်ပါပဲ နူးညံ့တဲ့အိပ်ရာပေါ်လေးမှာတဲ့။ ပြီးတော့ ပိုင့် နာမည်ကို ဒီအတောတွင်းဘယ်သူမှ မခေါ်ကြဘူးမလား။ ထို့ကြောင့် ရင်ထဲနွေးခနဲဖြစ်သွားပေမဲ့ ကြောက်လည်း ကြောက်ရွံ့မိသည်။

"သားကြီးကို သွားခေါ်စမ်း!! ပိုင်ပိုင်လေး နိုးလာပြီလို့"

ထိုအခါအနားမှ အိမ်အကူဖြစ်ပုံရသည့် သူဟာချက်ချင်းဆိုသလို ထသွားသည်။

"ပိုင်ပိုင်လေးရယ်"

အနားတိုးရင်း ပိုင့်ပါးလေးကို ထိဖို့လုပ်တော့ လက်လေးကို ကြောက်လန့်ဟန်ဖြင့် ပိုင့်လက်သေးသေးလေးတွေဖြင့် မထိရန်ကာလိုက်သည်။ ပြီးနောက် ကုတင်ခေါင်းရင်းထိအောင်အထိကို နောက်ဆုတ်သွားမိသည်။

"ဖွားဖွားလေ ပိုင်ပိုင်လေးရဲ့... မမှတ်မိဘူးလားဟင်"

ဟင့်အင်း ပိုင်သိတာပေါ့။ အခု ပိုင့်ရှေ့မှာရှိနေသည့်သူဟာ ပိုင် အရမ်းချစ်ရတဲ့ ဖွားဖွားဆိုတာ ပိုင်သိတာပေါ့။  ဒါပေမဲ့ ပိုင်ကြောက်သည်။ ပိုင် လူတွေကိုကြောက်သည်။

"သမီးလေး! သမီးလေး နိုးလာပြီဆို"

အပြေးလေးရောက်လာသည့် ပိုင့် ပါးပါးကိုတွေ့တော့ ပိုင့် မျက်ရည်တွေအလိုလိုကျလာသည်။ ပိုင် အိမ်ပြန်ရောက်နေသည်။ ပိုင် အိမ်ကိုပြန်ရောက်နေပြီပေါ့။ ပိုင့်ကို လူဆိုးကြီးတွေဖမ်းခေါ်ထားရာကနေလွတ်လာပြီပေါ့။

"အီးဟီး... မထိနဲ့!!... ပိုင့်ကို မထိနဲ့ သွား... အီး"

ပါးပါးဟာ ပိုင့်ကို အငိုမျက်ဝန်းတွေနဲ့ ဝမ်းသာတကြီးပွေ့ဖက်လိုက်တော့ ပိုင်ကြောက်ရွံ့စွာတွန်းထုတ်မိသည်။ ပြောရင်း သတိလစ်မတတ်ဖြစ်သွားသော ပိုင်ကြောင့် ပါးပါးနှင့် ဖွားဖွားဟာ ပိုင်တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်ဟန်ပါ။

ချစ်ဆိပ်ပန်Where stories live. Discover now