အဆက် ၂ ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

1.5K 78 2
                                    

162
Zack Z.U.May 04, 2023
Chapter 162



နှစ်သစ်ကူးပြီးနောက် ကုဆွေ့ဆွေ့၏ဘဝမှာလည်း အသစ်တစ်ဖန်ဖြစ်သွားသကဲ့သို့ခံစားရသည်။

မနှစ်ကကဲ့သို့ စိတ်ဖိစီးစိုးစဥ်းမျှမရှိတော့ဘဲ အချိန်မှန်အိပ် ၊ အချိန်မှန်စား ၊ အချိန်မှန်ကစားရင်း လတစ်ဝက်လောက်က ကုန်ဆုံးသွားပြန်၏။

သူမတို့၏ကျောင်းကမူ နွေရာသီအားလပ်ရက်အဖြစ် ဇန်နဝါရီလမှစတင်ကာ အားလပ်ရက်ကျောင်းပိတ်ပေးသည်။

ကျောင်းမပိတ်မီနောက်ဆုံးရက်တွင်မူ သူငယ်ချင်းများနှင့် ယာယီနှုတ်ဆက်ရသည်။ ဆွေ့ဆွေ့မှာ ချင်ဇီချန်းနှင့်မခွဲချင်၍ ဖုန့်ယောင်ချင်းအား ဂျစ်တိုက်နေသည်။

"မေမေ့ကိုအရင်ခွင့်တောင်းရဦးမယ် မေမေကခွင့်ပြုမှသွားလို့ရမှာ"

ဆွေ့ဆွေ့တစ်ယောက် မိခင်ဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

"အန်တီဖုန့်...ဆွေ့ဆွေ့ကိုသားအိမ်လိုက်ခွင့်ပေးလိုက်ပါနော် ညီမလေးကိုသားကောင်းကောင်းစောင့်ရှောက်ပါ့မယ် မုန့်တွေလည်းအများကြီးကျွေးမယ်လေ"

ချင်ဇီချန်းတစ်ယောက် ဆွေ့ဆွေ့၏အမေကိုရဲရဲဝံ့ဝံ့ခွင့်တောင်းလိုက်သည်။

ကုဆွေ့ဆွေ့ကလည်း ဖုန့်ယောင်ချင်း၏အင်္ကျီစကိုလှမ်းဆွဲကာ ထပ်ပြောလာ၏။

"မေမေ...သမီးကိုကို့အိမ်လိုက်သွားပြီးကိုကိုနဲ့အတူကစားချင်တယ် တစ်ခါမှမရောက်ဖူးလို့ပါနော်"

သူမအားမျှော်လင့်တကြီးကြည့်နေသောသမီးဖြစ်သူကိုတစ်ချက်ကြည့်လိုက်ရင်း ဖုန့်ယောင်ချင်းလည်းမသိမသာသက်ပြင်းချလိုက်မိသည်။

"ဟုတ်ပြီလေ...သွားချင်သပဆိုရင်လည်း မေမေ မတားတော့ပါဘူး သမီးကိုကိုရဲ့အိမ်ကိုလိုက်လည်လို့ရတယ်"

ကလေးနှစ်ယောက်ကနှစ်တစ်ဝက်နီးပါးအမြဲလိုလိုအတူရှိနေကြပြီး တစ်ယောက်နှင့်တစ်ယောက်အလွန်သံယောဇဥ်တွယ်နေကြသည်။ ချင်အိမ်တော်၏ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဆွေ့ဆွေ့နှင့်သူ့သား၏ခင်မင်ရင်းနှီးမှုကိုခွင့်ပြုပေးထားသည့်အတွက် ဖုန့်ယောင်ချင်းအထွေအထူးစိတ်ပူမနေတော့။

အပိုင်းဆက် ၂ ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now