164
Zack Z.U.May 04, 2023
Chapter 164ချင်အိမ်တော်မှပြန်လာသောအခါ ဆွေ့ဆွေ့၏လက်ထဲတွင် သစ်ခွပန်းအိုးတစ်အိုးပါအတူပါလာသည်။
ဆွေ့ဆွေ့မှာ ထိုသစ်ခွပန်းပင်လေးကို နေ့နေ့ညညဂရုတစိုက် ကိုင်တွယ်ပြုစုသည်။ အပင်ကောင်းကောင်းရှင်သန်ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်နည်းလမ်းများသိ
ရရန် ချင်အိမ်တော်သို့သုံးလတစ်ခါတိုင်းသွားတတ်သေးသည်။
ချင်ဇီချန်းလည်းအတူတူပင်ဖြစ်သည်။ အခွင့်အရေးရတိုင်း ဆွေ့ဆွေ့အိမ်သို့သွားရန်ချောင်းနေတတ်သည်။ ရံဖန်ရံခါတွင် သက်တော်စောင့်အုပ်လိုက်ကြီးနှင့်ရောက်ချလာသည်။ ကလေးငယ်
နှစ်ဦးမှာ မတွေ့ရသည့်ရက်မရှိလောက်အောင် တစ်ယောက်အိမ်တစ်ယောက်အလှည့်ကျသွားလည်တတ်၏။
ဖုန့်ယောင်ချင်းကမူ ဆွေ့ဆွေ့ချင်အိမ်တော်သို့သွားလည်တိုင်း လက်ဗလာနှင့်မသွားစေဘဲ ဟင်းပွဲများ၊ အချိုပွဲများထည့်ပေးသွားသည်။ ဆွေ့ဆွေ့က ချင်အိမ်တော်သို့မကြာမကြာဝင်ထွက်သွားလာနေသောကြောင့် ချင်ဇီချန်း၏မိဘများကငြိုငြင်လာမည်ကိုလည်း စိတ်ပူရသေးသည်။
ချင်မိသားစုနှင့်ဆက်ဆံရေးမကောင်းလျှင်ဆွေ့ဆွေ့အပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်သည်။ ချင်ဖျော်ဖြေရေးအေဂျင်စီက သူတို့လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်နေသော
ကြောင့်ပင်။ ထို့ကြောင့် ချင်အိမ်သူအိမ်သားတို့၏ရှေ့တွင် အစစအရာရာသတိထားပြီးနေရန်ဆွေ့ဆွေ့အားအမြဲလိုလိုမှာမှာနေရသည်။
သို့သော် ကုကျန်းနျန်ကမူ များများစားစားတွေးမနေပေ။ ဆွေ့ဆွေ့အပေါ်အလိုက်သိပြီးဂရုစိုက်တတ်သော ထိုကောင်လေးကို သူတော်တော်သဘောကျ၏။
"ဦးဦးကု...ဒီပန်းကုံးကြီးသီတတ်ဖို့အတွက် ဘယ်လောက်တောင်အချိန်ယူပြီးသင်ရဦးမှာလဲဟင်"
ချင်ဇီချန်းက ကုကျန်းနျန်အား စိတ်မရှည်သည့်လေသံဖြင့်မေးလိုက်သည်။
YOU ARE READING
အပိုင်းဆက် ၂ ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Historical Fiction၁၆၂ကနေစဖတ်ပေးကြပါဦးနော် တင်ရတာစိတ်တွေလည်းလေရပါတယ် wpကြီးက၁၅၀လောက်ဆိုရင်error ပြပြီးနောက်အပိုင်းတွေဆက်ပြီးတင်ရတော့ဘူးရယ်