165
Zack Z.U.May 04, 2023
Chapter 165နေ့ထူးနေ့မြတ်ကြီးတွင် ဆွေ့ဆွေ့က အသစ်စက်စက်ဝယ်ထားသော အနီရောင်ဂျတ်ကတ်လေးနှင့်လည်သာဖိနပ်ရှည်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။ ဆံထုံးနှစ်ခုကိုလည်း ချစ်စဖွယ်ထုံးထားသေး၏။ သူမ၏အသွင်အပြင်မှာ ကြွေရုပ်လေးတစ်ရုပ်နှင့်ပင်တူနေသည်။
အားလုံးဝတ်စားဆင်ယင်ပြီးနောက် ကုဆွေ့ဆွေ့တစ်ယောက် ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ကာ မိမိပုံရိပ်ကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အင်္ကျီကော်လံပြင်ပေးနေသော မိခင်ဖြစ်သူကိုမေးလိုက်သည်။
"မေမေ...သမီးလှလားဟင်"
"လှတာပေါ့...မေမေ့အတွက်ဆွေ့ဆွေ့က အလှဆုံးပဲ ဘယ်သူကမှယှဉ်လို့မရဘူး"
မိခင်ဖြစ်သူထံမှ ချီးကျူးစကားကိုကြားလိုက်ရသောကြောင့် ဆွေ့ဆွေ့မှာအလွန်ကျေနပ်ပီတိဖြစ်သွား၏။
"အပြင်မှာလေအရမ်းတိုက်နေတာ ဦးထုပ်မချွတ်နဲ့နော် အအေးမိလိမ့်မယ်"
ဖုန့်ယောင်ချင်းက ဆွေ့ဆွေ့ကိုစူပါမားကတ်သို့ အရင်ဆုံးခေါ်သွားကာဝယ်စရာရှိသည်များကိုဝယ်ပြီးမှ လက်မှတ်ဝယ်ရန်ရုပ်ရှင်ရုံသို့သားအမိနှစ်ဦးသွားလိုက်ကြသည်။
'ပါးကိုက်နားကိုက်' ရုပ်ရှင်ကားကြီးကိုနှစ်သစ်ကူးအကြိုနေ့တွင် ပထမဆုံးအကြိမ်တစ်နိုင်ငံလုံးတွင် ရုံတင်ပြသသည်။ ဆွေ့ဆွေ့တစ်ယောက် လွန်ခဲ့သောတစ်လကျော်ကျော်လောက်ကတည်းက
လက်မှတ်မရမည်ကိုစိုးရိမ်သောကြောင့် ကြိုတင်ဝယ်ထားရန် မေမေ့ကိုတစ်ဂျီဂျီပူဆာထားခြင်းပင်။
"ဖေဖေရော...ဖေဖေဘာလို့မလာသေးတာလဲဟင်"
ပေါက်ပေါက်ဆုပ်ဘူးကြီးကိုတစ်ဖက် ဖျော်ရည်ဘူးတစ်ဖက်ကိုင်ထားသောကုဆွေ့ဆွေ့က ဘေးဘီဝဲယာကြည့်ကာဖခင်ဖြစ်သူအားလိုက်ရှာနေသည်။
ဖုန့်ယောင်ချင်းလည်းနာရီကိုတစ်ချက်ကြည့်ကာပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့ ရောက်လာပါလိမ့်မယ်...ရုပ်ရှင်စဖို့မိနစ်နှစ်ဆယ်တောင်လိုသေးတယ်"
YOU ARE READING
အပိုင်းဆက် ၂ ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Historical Fiction၁၆၂ကနေစဖတ်ပေးကြပါဦးနော် တင်ရတာစိတ်တွေလည်းလေရပါတယ် wpကြီးက၁၅၀လောက်ဆိုရင်error ပြပြီးနောက်အပိုင်းတွေဆက်ပြီးတင်ရတော့ဘူးရယ်