167 [ END ]
Zack Z.U.May 04, 2023
Chapter 167 (The Last Chapter)ဆောင်းရာသီအပန်းဖြေရာသီပြီးနောက် နှစ်သစ်တစ်ခုကိုစခဲ့ပြန်သည်။ ကျောင်းသား၊ကျောင်းသူဘဝမှာအရောင်အသွေးစုံလင်ကာ ပျော်ရွှင်ဖွယ်ကောင်းလှသည်။ ကုဆွေ့ဆွေ့လည်း သူမ၏ပတ်ဝန်းကျင်တွင်အလွယ်တကူနေသားကျလာကာ လူတိုင်းနှင့်ဆက်ဆံရေးကောင်းမွန်ပြေလည်သူတစ်ယောက်ဖြစ်လာသည်။
ဖုန့်ယောင်ချင်းလည်း နှစ်စတွင် အတန်းစတက်သည်။ အထက်တန်းအောင်ပြီးသည်မှ ခုနစ်နှစ်ပင်ရှိနေပြီဖြစ်သည်။ ကျောင်းစာများနှင့်အတော်လေးအလှမ်းဝေးသွားပြီဖြစ်သော
ကြောင့် အားလုံးကိုမေ့မေ့လျော့လျော့ဖြစ်နေသည်။ ကျောင်းနှင့်နေသားကျရန် သူမကြိုးစားယူရဦးမည်။
သို့သော် အတိတ်နေ့ရက်များတုန်းကကဲ့သို့ ကလေးငယ်ကိုတစ်ကိုယ်တည်းပြုစုစောင့်ရှောက်ရင်း စားဝတ်နေရေးအတွက်ကြိုးစားရုန်းကန်ခဲ့ရသည့်အချိန်နှင့်ယှဥ်လျှင် စာသင်ခန်းထဲတွင်ထိုင်ကာ ကျောင်းစာများနှင့်လုံးပန်းနေရသည်က ပို၍သက်တောင့်သက်သာရှိလှ၏။
တစ်နေ့တစ်နေ့ဖြတ်သန်းရင်းနှင့်တစ်လဟူသောအချိန်က ရော်ရွက်ဝါများမြေသို့ခညောင်းကြွေကျသလို ဖြုတ်ကနဲကုန်ဆုံးသွားပြန်သည်။
ဆွေ့ဆွေ့ကရိုက်ကူးရေးအသစ်တစ်ခုလက်ခံထားသောကြောင့် ရိုက်ကွင်းသို့သွားရန် ဖုန့်ယောင်ချင်ကပြင်ဆင်ပေးနေရသည်။
"ဆွေ့ဆွေ့...ရိုက်ကွင်းရောက်ရင် မမရှန်ယွမ်ရဲ့စကားကိုနားထောင်ရမယ်နော် လူပြတ်တဲ့နေရာတွေကိုတစ်ယောက်တည်းမသွားရဘူး အခုတစ်ခေါက်ရိုက်ကူးရေးက နှစ်လသုံးလလောက်ကြာမှာဆိုတော့ ဖေဖေနဲ့မေမေကတစ်ပတ်တစ်ခါလာလည်မယ် တစ်ခုခုလိုတာရှိရင်လည်းဖုန်းဆက်လိုက်"
လေယာဥ်ပေါ်မတက်မီတွင် ဖုန့်ယောင်ချင်းကဆွေ့ဆွေ့ကိုမှာစရာရှိသည်များမှာနေရသည်။ ကုကျန်းနျန်ကဘာမှဝင်မပြောသော်လည်း ဆွေ့ဆွေ့ကိုသာတစိမ့်စိမ့်ငေးကြည့်နေသည်။ သူ့သမီးနှင့်နည်းနည်းလေးမှခွဲချင်ပုံမရပေ။
YOU ARE READING
အပိုင်းဆက် ၂ ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး
Historical Fiction၁၆၂ကနေစဖတ်ပေးကြပါဦးနော် တင်ရတာစိတ်တွေလည်းလေရပါတယ် wpကြီးက၁၅၀လောက်ဆိုရင်error ပြပြီးနောက်အပိုင်းတွေဆက်ပြီးတင်ရတော့ဘူးရယ်