☂︎𝐀 𝐃𝐚𝐲 𝐓𝐡𝐚𝐭 𝐖𝐞 𝐌𝐞𝐞𝐭 𝐅𝐨𝐫 𝐅𝐢𝐫𝐬𝐭 𝐓𝐢𝐦𝐞 ♫︎☔︎

237 25 11
                                    

ဒါကကျတော့်ရဲ့ပထမဆုံးရေးတဲ့ficလေးပါ
Fav လည်းဖြစ်တဲ့Heejakeနဲ့ရေးမှာပါ>•<
ပထမဆုံးဖြစ်လို့ အမှားတွေအများကြီးရှိနိုင်သလို သိပ်လည်းမကောင်းလောက်ပါဘူးဗျ...

"ရားးးးး ရှင်းဂျယ်ယွန်းထတော့ မင်းကျောင်းမသွားတော့ဘူးလားဟင် ပထမဆုံးကျောင်းတက်တဲ့နေ့မှာတောင် ကျောင်းနောက်ကျချင်တာလား!!!"

ထိုအသံမှာတော့ ဂျယ်ယွန်းရဲ့အကိုဖြစ်သူဂျေးအီမှ မီးဖိုချောင်ထဲမှာ မနက်စာပြင်ရင်းပွစိပွစိနဲ့ ဆူပူနေတဲ့အသံပေါ့ သို့သော်ဂျယ်ယွန်းမှာ ခေါင်းအုံးနှင့်နားနှစ်ဖက်ကိုပိတ်၍ ဆက်အိပ်နေလေသည် ထိုသည်ကိုဂျေအီမှသိ၍ အခန်းထဲထိလာနှိုးရပေဉီးမည်...

"ရားးး‌ဟျောင့် 7:00ထိုးပြီ ထတော့ဟ!!!"
ပြောသာပြောနေရတယ်ဟိုကဖြင့်နားကြီးအုပ်ပီးအိပ်နေတာလေ ထို့ကြောင့်ဂျေးအီမှရိုက်လိုက်သည် ထိုနှင့်အတူထွက်လာတဲ့အသံ

"အားးးဟျောင်း နာတယ်ဗျ"
ဟျောင်းကလက်သန်ပြောင်တယ်ဗျ ပူထူသွားတာဘဲㅠㅠ

"အော်...မင်းအသက်ရှိနေသေးသားပဲ ကဲ"ထတော့နောက်တစ်ခါထပ်မရိုက်ခင်"

"ဟာဟျောင်းရယ် အစောကြီးရှိသေးတယ် ကျောင်းက8:00မှတက်မှာကိုဗျာ "

"ငါပြောပြီးပြီ ထဆိုထဘဲ"

"ဟင့်...ထပြီ ထပြီ!!!"ဟုဆိုကာဆူပုတ်"နှင့် ရချေိုးခန်းထဲဝင်သွားတဲ့ကောင်လေး

"ဟင့်...အစောကြီးရှိသေးတာကို သူဟာ့သူစော"ထတိုင်းသူများပါနှိုးချင်တာ"
ဟုလေသံတိုး"လေးနှင့်ဂျေးအီကြားအောင်ပြောသွားတဲ့သူ

*ဒီကောင်လေးတော့နော် ဟူးး...ငါ့မှာလဲသူ့ကိုထိမ်းရတာကတစ်မျိုး အောမားရေကျတော်မှာ ကလေးလည်းမမွေးမိဘဲ ကလေးထိမ်းနေရတယ်လို့ဗျာ*

"ရားပြီးပြီလား ရေချိုးတာက?"

"ပြီးပြီ...ကျွန်တော်ကတစ်ဂျုံတစ်ဆောင်းလို အကြာကြီးပြင်စရာမလိုဘူးလေ ရေလည်း5မိနစ်လောက်နဲ့ချိုးလည်း ချောနေတာလေ"
ဟျောင်းမနက်အစောကြီးနှိုးတဲ့အတွက် ဖဲ့နေခြင်းပင်

ထိုအခါဂျေးအီမှ
"အော် အာ့ဆိုလဲ ငါကမနက်စာအကြာကြီးချက်ထားတာဆိုတော့ ငါချက်ထားတာ မစားနဲ့ မင်းဟာမင်း 5မိနစ်နဲ့ခေါက်ဆွဲပြုတ်စား"
ဒီလိုပါပဲ ဂျေးအီဆိုသည်မှာလဲဘယ်သူ့မှအလျှော့မပေးခြင်ပေ ပြန်ချေလိုက်ရမှကျေနပ်သူ

♡︎ 𝐈 𝐃𝐢𝐝𝐧'𝐭 𝐊𝐧𝐨𝐰 𝐓𝐡𝐚𝐭 𝐈 𝐆𝐨𝐧𝐧𝐚 𝐋𝐨𝐯𝐞 𝐘𝐨𝐮 ♡︎Where stories live. Discover now