Part-3

1K 37 2
                                    

မြန်မာပြည်သို့ပြန်ရတော့မာမလို့ ရောင်စဥ်စောစောနိုးပီးအထုပ်အပိုးများဖြင့်လေယာဥ်ကွင်းသို့သူ့မိဘတွေမရှိတော့တဲ့နောက်ပိုင်းသူ့ကိုယ်သားသမီးအရင်းတစ်ယောက်လိုစောင့်ရှောက်ပီးပညာသင်ပေးတဲ့မိဘများဖြစ်သူများဒေါ်ကလျာဒေဝီနှင့်ဦးဇွဲဧကရာဇ်ရောင် တို့က စီစဥ်ပေးထားသည့် AKS Blue carနှင့်မြန်မာပြည်သို့ခရီးနှင်မည်လေယာဥ်ဆီသို့ရောင်စဥ်၏ခြေထောက်သွယ်သွယ်ရှည်ရှည်လေးများက ဦးတည်သွားနေ၏လေယာဥ်ပေါ်၌ရောင်စဥ်တစ်ယောက်နားချပ်လေး နား၌တပ်ပီးသူ့fav songလေးဖြစ်သည့်Rewrite the star songလေးကိုယ်နားထောင်နေလိုက်စဥ်သူ့အတွေးထဲတစ်စုံတစ်ယောက်အကြောင်းက ဝင်လာ၏

ထို့သူ့အကြောင်းကတော့ ဧကရာဇ်နှောင်၏အကြောင်းပင်ဖြစ်၏သူ့နောက်ဆုံးဧကရာဇ်ကိုယ်မြင်ခဲ့သည့်အချိန်က အိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် နှင့်အိပ်ပျော်နေသောကောင်လေး သူ့ပညာသင်သွားရင်တားမည်ဆိုတာသိ၏သို့သော်ရာဇ်မသိအောင် သူခိုးသွားရသည့်မို့ ဧကရာဇ်အိပ်နေသည့်မြင်ကွင်းလေးကိုယ်ပဲ ကြည့်ပီးသွားရသည်။အခုလဲသူ့မြန်မာပြည့်ကိုယ်ပြန်လာရတာ ခပ်လန့်လန့်ပင်။သူ့အားအနားကနေ မခွာပဲနေ့နေ့ညည အပစ်မရှိ အပစ်ရှာပီး လိုက်ရစ်နေလေ့ရှိသည့် အတွက်ကြောင့် ရောင်စဥ်တစ်ယောက်မျက်ခုံးခပ်လူပ်လူပ်ပင်။

မကြာမီမြန်မာနိုင်ငံ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်လို့လာခဲ့၏ရောင်စဥ်တစ်ယောက်သူ့အတွက် သူ့မိဘအရင်းပမာ ချစ်ရတဲ့သူများက လွတ်လိုက်သည့်AKSတံဆိပ်ပါသည့်ကားကိုယ်လိုက်ရှာနေလိုက်၏သို့သော်သူ့အား မျက်တောင်မခတ်တမ်းစိုက်ကြည့်ပီး နူတ်ခမ်းအပေါ်သို့တွန့်သွား သည့်အထိ သူ့ကိုကြည့်နေသည့်တစ်စုံတစ်ယောက်ကိုယ် ရောင်စဥ်မတွေ့ပေ။

"သက်တံရောင်စဥ်လိူင်း..."

AKS တံဆိပ်ပါတဲ့ကားကိုမှီပြီးလက်ပိုက်ထားသည့်တစုံတစ်ယောက်သူ့နာမည်အပြည့်အစုံကို ခေါ်လိုက်သော်ကြောင့် ခေါင်းလေးလှည့်ကာ သူ့နောက်ဘက်ကိုယ် ကြည့်လိုက်တော့သူရင်းနှီးနေသည့် မျက်ဝန်းတစ်စုံနှင့် မျက်နှာအသွင်အပြင်ဟာ သေချာသည် ဒါဧကရာဇ်နှောင်ဖြစ်သည်ဟုရောင်စဥ်စိတ်ထဲ သိလိုက်မိ၏လက်ပြကာ သူ့အားအစွယ်လေးများပေါ်သည့်အထိပြုံးပြလာသောထိုလူသားလေးကိုယ်ရောင်စဥ် သဘောကျမိ၏သက်တံရောင်စဥ်လိူင်းသည့်သွားမှာအစွယ်ချွန်ချွန်လေးများပါသည့် ကောင်လေးဆို သဘောကျသည်။သို့သော်သူ့ကိုယ်တိုင်ကျ မပါပေ။

One person you may be the worldWhere stories live. Discover now