Part-6

792 30 2
                                    

ဧကရာဇ်နှောင်နှင့်ဖုန်းပြောပီးတော့နွယ်နီတစ်ယောက်ဖုန်းကိုနံရံနဲ့ပစ်ပေါက်လိုက်ပြီးတောက် ပြင်းပြင်းတချက်ခေါက်လိုက်သည်။

"တောက်စ်!!!~

"ဘယ်သူမို့လို့လဲ!!! ဘယ်သူကငါ့ထပ်သာနေလို့ ရာဇ်အက်လောက်ဖြစ်နေရတာလဲ ဧကရာဇ်နှောင်က ငါ့အပိုင်ပဲဖြစ်စေရမယ်!!
ငါ့လမ်းမှာလာရူပ်တဲ့သူမှန်သမျှငရဲပို့ပစ်မယ်!"

နွယ်နီသူ့အိပ်ခန်းထဲတွင် တစ်ယောက်တည်းသောင်းကျန်းလို့နေ၏ဘေးနားရှိသမျှပစ္စည်းတွေမှန်သမျှအကုန်ပစ်ပေါက်ခွဲနေလိုက်သည်။

~ခွမ်း~

ဘေးနားမာရှိတဲ့ဖန်ပုလင်းအလှ ကိုယ်ရိုက်ခွဲပစ်လိုက်သည်။

"ဧကရာဇ်နှောင်က ငါ့အပိုင်ပဲဖြစ်စေရမယ်!!"

နွယ်နီတစ်‌ေယာက်ဒေါသတွေအလိပ်လိုက်ပေါက်ကွဲနေပြီးအိပ်ခန်းထဲသောင်းကျန်းနေလို့နေ၏ဘယ်သူတားတားမရပေ။တစ်ဦးတည်းသောသမီးဖြစ်တာမို့ ငယ်ငယ်ကတည်းက လိုချင်တာမှန်သမျှအကုန်ရခဲ့သည်။လက်ညိုးထိုးရာမှန်သမျှ သူလိုချင်တာမှန်သမျှ အကုန် သူ့အပိုင်ဖြစ်လာစေရန်သူ့အဖေက အကုန်ဖြည့်ဆည်းပေးမြဲပင်။

************
နေ့ခင်း3:00

နေ့ခင်းအချိန်3:00ခန့်တွင် ဦးဇွဲဧကရာဇ်ရောင်တို့၏ကျယ်ပြန့်လှသောခြံဝန်းထဲတွင် ရောင်စုံမီးများ လီလီပန်းလေးများဖြင့်အလှဆင်ထားသောမွေးနေ့ပါတီတခုကိုယ်စီစဥ်နေကြသည်။ရောင်စဥ်အတွက် မွေးနေ့ပါတီ တခုပြုလုပ်ပေးကြသည်။ပွဲစချိန်က ည7:00ထိုးမှဖြစ်တယ်။ဦးဇွဲဧကရာဇ်ရောင်နှင့်ဒေါ်ကလျာဒေဝီတို့ပွဲအတွက်စီစဥ်စရာတွေဖြစ်အလုပ်ရူပ်နေ၏ရောင်စဥ်ကတော့ မွေးနေ့ရှင်ဖြစ်တာမို့ လာဝို်င်းမကူခိုင်းပေ။သို့သော် ကူညီပေါ့မယ်တကဲကဲလုပ်နေလို့ မနည်းပြောထားရသည်။

ရောင်စဥ် စာကြည်တိုက်ခန်းတွင် စာအုပ်တန်းအရှည်တွေကြားထဲ စာအုပ်ရွေးနေစဥ် သူ့နောက်ကိုယ်အနည်းငယ်ဆုတ်လိုက် မိသွားတဲ့အချိန် ရာဇ်၏ကျယ်ပြန့်ပြီးကြွက်သားများတင်းထွက်နေသည့် ရင်ခွင်ကျယ်ကျယ်ကြီးထဲသို့ ရောင်စဥ်တစ်ယောက်ရောက်သွားသည်။သူ့အရပ်က ရာဇ်အရပ်ဖြင့်် အလွန်ကွာခြားသည်။

One person you may be the worldWhere stories live. Discover now