(၂၂)

2.7K 371 30
                                    

Unicode




ဖုရှောင်ယွီမှာ အရမ်းကိုပင် လိမ္မာနေသည်။

သူ၏ ထိလွယ်ရှလွယ်အဖြစ်ဆုံးသော အပိုင်းကို အနမ်းခံနေရသည့်တိုင် အိုမီဂါသည် သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ဂလင်းကို အားပြင်းပြင်းဖြင့် စုပ်ယူ၍ တဖုန်၊ အသာအယာ ခပ်ဖွဖွ လျှာဖြင့်လျက်၍ တမျိုး လုပ်နေရင်းက အယ်လ်ဖာ၏ ပူရှိမ်းရနံ့ ဖီရိုမုန်းသည် နိုးဆွခံလိုက်ရသည့်နှယ် ပိုမိုကာ စူးရှလို့လာသည်။

အိုမီဂါတဦးသည် ဖီရိုမုန်းလယ်ဗယ် မြင့်မားလေ မိမိကိုယ်ကို ကာကွယ်လိုစိတ် အားကောင်းလေ ဖြစ်သည်။ အန္တရယ်အငွေ့အသက်ကို အာရုံခံလိုက်မိသည်နှင့် ဖုရှောင်ယွီ၏ ခန္ဓာကိုယ်က သူ့အလိုလိုပင် ထိန်းမရနိုင်စွာ လျှောကျလို့သွားသည်။

သို့သော်လည်း ရွှီကျားလဲ့က ထိုသို့ အဖြစ်မခံချေ။ အယ်လ်ဖာသည် ဖုရှောင်ယွီ၏ လက်ကောက်ဝတ်ကို အနောက်မှနေ၍ ဆွဲချုပ်ထားပြီး တံခါးနှင့် ဖိကပ်ထားသည်။

ဖုရှောင်ယွီသည် မကြုံစဖူး ကြောက်ရွံ့လာသည်။ ပြင်းရှရှ အသက်ရှုသံက သူ့ အရေပြားကိုပင် ပူလောင်လာစေသလို။ အယ်လ်ဖာ၏ သွားချွန်ချွန်များက သူ့ လည်ပင်းနောက်နားကို ဖိကိုက်ထားပြီး စက္ကန့်အနည်းငယ်မျှ တန့်နေသည်။ အသက်ရှုနေတာပင် ရပ်တန့်သွားတော့မလားဟု တွေးမိလိုက်ချိန်တွင် ရွှီကျားလဲ့က ရုတ်တရက် ပြင်းထန်စွာ စုပ်ယူလိုက်တော့၏။

စုပ်အားပြင်းထန်လွန်း၍ ဖုရှောင်ယွီ၏ မက်မွန်သီးအရွယ် ဂလင်းငယ်လေးသည် အရေပြားအတွင်းမှ ထိုးဖောက်ထွက်လာပြီး အယ်ဖာ၏ ခံတွင်းထဲဆီ မျိုချခံလိုက်ရတော့မလိုပင် ထင်မိရသည်။

ထိုကဲ့သို့သော လှုံ့ဆော်မှုမျိုးကို တောင့်ခံနိုင်သည့် အိုမီဂါ မရှိချေ။

ဖုရှောင်ယွီ၏ မျက်လုံးများ ပြူးကျယ်လာပြီး အသံတစိသော်မျှ မပြုနိုင်တော့။ တခဏချင်းမှာပင် သူ့ ကိုယ်လုံးသည် ဆတ်ခနဲ တုန်ခါသွားပြီး ရွှီကျားလဲ့၏ လက်မောင်းတွေထဲ လဲပြိုကျသွားသည်။

Evil Love Appears {မြန်မာဘာသာပြန်}Where stories live. Discover now