(၁၀၅)

1.7K 348 17
                                    

Unicode



ရွှီကျားလဲ့သည် သူ့ အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချဖို့ လိုအပ်ကြောင်း ခံစားမိသည်။

မနေ့ညကလည်း သူ အိပ်မပျော်ပြန်ချေ။ ဇယားကို အပြီးသတ်ရွေးဆွဲပြီးနောက် ရှအန်းကို ပွေ့ဖက်ထားရင်း အချိန်အတော်ကြာသည်အထိ အိပ်စက်နိုင်ဖို့ ကြိုးစားပါသော်ငြား မနက်သုံးနာရီကျော်သည့်တိုင် အိပ်မပျော်နိုင်ပဲရှိနေသည်။ မနက်ပိုင်းတွင် မုတ်ဆိတ်ရိတ်ဖို့ရန်အတွက် သူ့ ကိုယ်သူ မှန်ထဲ ကြည့်မိရင်းက အကြောင်းအရာ မယ်မယ်ရရ မရှိပါဘဲ ကားထဲမှာရှိနေတုန်း ညအိပ်ဝတ်စုံနှင့် ဖုရှောင်ယွီ သူ့ လည်ပင်းကို အနံ့ခံနေသည့် မြင်ကွင်းကို အတွေးရောက်မိပြန်၏။

တဆက်တည်းဆိုသလို သူ့ လက်တွေက တုန်ယင်လို့သွားသည်။

လည်ကုပ်နားရှိ အရေပြားတွေသည် အနည်းငယ် ပူလာသလို ခံစားလိုက်ရပြီး ထိုအပူစီးကြောင်းက သူ့ တကိုယ်လုံးအနှံ့ စီးဆင်းပျံ့နှံ့လို့သွားကာ တခုခု မှားယွင်းနေသလို ခံစားလိုက်ရ၏။

မနက်ခင်း အစောကြီးတွင် သို့နှယ်ဖြစ်ရခြင်းက အလွန် ရှက်စရာကောင်းလှသည်။

ကိုးရိုးကားယား လမ်းခွဲလိုက်ရခြင်းကြောင့် လိင်ကိစ္စနှင့် ဆက်စပ်သည့် အတွေးတစလောက်ကိုပင် သူသည် အလွယ်တကူ မတွေးတောရဲပါချေ။

သူ၏ တုံးအမိုက်မဲမှုအား အချိန်မီ ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်သည့်တိုင် ပြဿနာကို အပြီးတိုင် မဖြေရှင်းရသေးမီ၊ အိုမီဂါ၏ ခွင့်လွှတ်မှုကို မရသေးမီ၊ သူတို့နှစ်ဦး၏ ကိုယ်လက်ရင်းနှီးမှုနှင့် ပတ်သက်ပြီး စိတ်ကူးကြည့်ရုံမျှကပင် မလျော်ကန်သလို ထင်မိသည်။

သို့စဥ်လျက်က သူ ဖုရှောင်ယွီကို မြင်ယောင်မိပါ၏။ မမြင်ယောင်မိဖို့ရာကော တတ်နိုင်မည်တဲ့လားလေ။

သူ ရှအန်းကို ဖက်ထားပြီး ခုတင်ပေါ်မှာ လှဲလျောင်းနေရင်းနှင့်တောင် သူတို့နှစ်ဦး၏ တပုံတည်းသော တွဲရိုက်ထားသည့် ဓာတ်ပုံကို တိတ်တိတ်လေး ခိုးကြည့်လိုက်မိသေး၏။

အဖြူရောင်ဆွယ်တာအင်္ကျီဝတ်ထားသည့် ဖုရှောင်ယွီကို မြင်လိုက်ရလေတိုင်း ရင်တွေ ဗရမ်းဗတာ ခုန်လာတတ်သည်။ သို့သော်လည်း သူ့ အတွေးတွေ နောက်ထပ်ပိုပြီး လွန်ကျူးမလာစေရန် ဆက်မတွေးတောဘဲ ရပ်တန့်ပစ်လိုက်ရ၏။

Evil Love Appears {မြန်မာဘာသာပြန်}Where stories live. Discover now