ep 6🌻

578 46 20
                                    

"Gem...ငါ့အခန်းကိုလာခဲ့ပါလား"

ဖုန်းထဲမှထွက်လာတဲ့အသံချိုချိုလေးဟာGeminiကိုပြုံးမိစေဖို့လုံလောက်သည် သိုသော် သူ့နှုတ်ကထွက်သွားတဲ့စကားကတော့

"ဘာလုပ်ဖို့လဲ မလာချင်ပါဘူးနော်"

သူ့စကားကြောင့်တစ်ဖက်ကကောင်လေးစိတ်မကောင်းဖြစ်သွားမည်ကိုသိသော်လည်း သူငြင်းမိပြန်သည်

"ဟွန့် ဒီကခေါက်ဆွဲကျွေးချင်လို့ စေတနာနဲ့ခေါ်တာကို ငြင်းရက်တယ်နော်"

တစ်ဖက်ကကောင်လေးရဲ့အသံစူအောင်အောင့်လေးထွက်လာပြန်သည်
နှုတ်ခမ်းလေးထော်နေမှာတော့သေချာသည်

"ခေါက်ဆွဲစားတာလောက်တော့ငါတတ်နိုင်ပါတယ်ကွာ"

Geminiစူပုတ်ပုတ်လေးကိုထပ်စလိုက်သည်

"မင်းကလည်းးးးးးးGem ......Gemini..
လာခဲ့ပါနော် နော်လို့ Gemကျွေးချင်လို့ပါဆို နော်နော်"

Gemထပ်ပြုံးမိပြန်သည် သွားပြီအလိုလိုမှခေါင်းငြိမ့်မိမှာမနဲထိန်းနေရတာကို ဒီလောက်ချစ်စရာကောင်းတဲ့ချွဲနေပုံနဲ့ဆို လက်ခံမိတော့မယ်

"အင်းးးအင်းးးအင်းးးok ညနေလာခဲ့မယ်"

"အမ် ဘာလို့ညနေလဲ အခုလာလေ"

သူ့အဖြေကိုမကျေနပ်စွာအတွန့်တက်လာပြန်သည် သူနဲနဲစပေးမှ

"ညနေမှစားလို့ကောင်းမှာပေါ့ နွေးးးနွေးးးလေးနဲ့😎 ဒါပဲနော် ငါပြင်လိုက်အုံးမယ်"

Gem‌ေပြာပြီးးဖုန်းချလိုက်တော့သည် နွေးနေရာကိုသေချာဖိပြောပေးလိုက်သည်၊တစ်ဖက်ကကောင်လေးအတွေးများနေတော့မှာသိတာပေါ့
ရှင်းမပြချင်တော့ဘူး၊တွေးးချင်ရာတွေးပါစေ...

Fotတကယ်ပဲအတွေးများနေပါသည်

*Gemပြောတာနားမလည်ဘူး၊မေးမလို့ဟာကိုဖုန်းချပြီပီသေနာလေး၊ဘာလဲဟ ညနေမှစားကောင်းတာတဲ့ ၊ခေါက်ဆွဲပဲ ဘယ်ချိန်စားစားအရသာရှိတာကို အယ်...ပူပူလေးပဲစားလို့ကောင်းတာပါ၊သူ့ကျမှနွေးနွေးလေးတဲ့၊သူခေါက်ဆွဲကိုပြောတာတော့ဟုတ်ပါတယ်နော် အီးးးးကျက်သီးထတယ်*

Idolခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပြီးနောက်(Complete)Where stories live. Discover now