"Gem.... ငါခေါင်းတွေအရမ်းမူးတာပဲ၊လူကလည်း ညီးစီစီကြီးနေရတာ၊ငါ့ကိုရေတဘက်တိုက်ပေးပါလားဟင်"
Fot သူလုပ်နေကျတိုင်းခေါင်းလေးကိုဖိကာGemကိုပြောလိုက်သည်
Gemသိတာပေါ့ အဲ့ ခေါင်းသေးသေးလေးထဲမှာရှိတဲ့အတွေးတွေကအလင်းရောင်မရှိတော့ဘူးဆိုတာ
"ခနစောင့်နော်ရေသွားခပ်လိုက်အုံးမယ်"
Geminiထွက်သွားတာနဲ့Fotတစ်ယောက်ထထိုင်ကာပြောလိုက်သည်
"Geminiစုတ် ခုထိဘာမှမလုပ်သေးဘူး ဘယ်လောက်ဥပုဒ်စောင့်နိုင်မလဲကြည့်တာပေါ့"
ပြောပြီးFotအိပ်ယာထက်ပြန်လှဲကာ လူမမာပုံစံဖမ်းနေလိုက်သည်
Gemရေဇလုံနဲ့တဘက်ယူကာပြန်ဝင်လာတော့Fotကအိပ်ယာပေါ်မှာကွေးကွေးလေးအိပ်နေသည်
*ပုဇွန်တုပ်လေးကျနေရော၊ babyမင်းကအရမ်းဆိုးတာပဲ ကိုယ်မနဲစိတ်ထိန်းထားရတာပါဆို*
Gemတွေးကာပြုံးမိသည် ဒီကောင်လေးGemကိုဘာဖြစ်စေချင်နေလဲသိတာပေါ့
"Fot Fot ကိုယ်ရေယူလာပြီ ၊အိပ်ပျော်နေပြီလား"
GemစကားကြားမှFotမျက်စိမှိတ်ပြီးအကြံထုတ်နေရာမှ ဖျက်ကနဲပွင့်လာကာ
"Gem အင်းးးမအိပ်ပျော်ပါဘူး "
Fotပြောကာထထိုင်လိုက်ပြီးသူဝတ်ထားတဲ့တီရှပ်ကိုဆွဲချွတ်လိုက်သည်
"Fot ဘာလုပ်မလို့လဲ"
Gemအလန့်တကြားမေးမိတော့စပ်ဖြီးဖြီးရုပ်နဲ့ Fotဟာဘာ တွေတွေးနေတာလဲဆိုတဲ့မျက်နှာထားနဲ့ပြန်ပြောလာခဲ့သည်
"မလန့်ပါနဲ့ ရေပတ်တိုက်မှာဆို ၊လွယ်အောင်လို့အကျီခွတ်ပေးတာလေ၊ဘောင်းဘီရောချွတ်ပေးရအုံးမလား"
"နေပါစေ မလိုဘူး မချွတ်နဲ့နော်Fot"
Fotကစနောက်ကာ ဘောင်းဘီပါဆွဲချွတ်ဖို့လုပ်နေတာကြောင့် Gemမှာအမြန်တားရတော့သည်
"အဟီးဟီး မလုပ်ပါဘူး ၊ရေပတ်တိုက်ပေးတော့ ပြောင်ပြောင်လေးတိုက်ပေးနော် ၊ငါမနေ့ကရေမချိုးရဘူး😁"
"ဒီညစ်ပတ်အိုးလေးကတော့"
သွား၃၂ချောင်းလုံးပေါ်အောင်ဖြီးပြပြီးပြောလာတဲ့Fotကြောင့် Gemမနိုင်ဘူးဆိုပြီးခေါင်းသာခါမိတော့သည်
YOU ARE READING
Idolခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပြီးနောက်(Complete)
FanfictionGemfotကိုtimetravelလေးရေးချင်လာလို့☺️