ep 9🌻

687 51 11
                                    

"Fot Fotအခြေနေဘယ်လိုလဲ မနေ့ညက"

သူပေးလိုက်တဲ့အကြံအောင်မြင်၊မမြင်သိချင်နေသူ P' Mark ဟာ တဖက်လေလိုင်းမှတဆင့်မေးလာခဲ့သည်

"ဟုတ်တယ်Fot အကိုလဲသိချင်တယ်"

၃ယောက်သားဖုန်း၃လုံးချိတ်ကာ ပြောနေကြခြင်းဖြစ်သည်

P'stangကပါမေးလာတာကြောင့် Fotညိုးငယ်နေတဲ့မျက်နှာနဲ့ ပြန်ဖြေရန်ကြိုးစားရတော့သည်

"ဟူးးးးမပြောချင်ဘူးphiတို့ရာ"

"ဘာတွေဖြစ်ခဲ့လို့လဲ"

ညည်းညူးစွာပြောလာတဲ့Fotကြောင့်Mark မေးလိုက်သည်

"သူ ကျွန်တော့်ကို စားပြီးနားမလည် လုပ်သွားတယ်"

"ဟာ ဒီကောင် ငါ့ညီကိုလုပ်ရဲတယ် ,အကိုသွားထိုးပေးရမလား Fot ၊အကိုမင်းအတွက်မကျေနပ်ဘူး"

စိတ်ဆတ်တဲ့Satangဟာ Fotစကားအဆုံးထပြောလာခဲ့သည်
ထို့ကြောင့် Markကစိတ်လျှော့ဖို့ပြောလိုက်သည်

"ဟေ့ စိတ်ထိန်းဦး"

"ကျေးဇူးတင်ပါတယ် P'satang,ဒါပေမယ့် မလိုပါဘူး၊ကျွန်တော်သူနဲ့ ပြောပြီးပြီ၊ ကျွန်တော်တို့ကပြီးသွားပြီ၊သူငယ်ချင်းလဲမဟုတ်တော့ဘူး၊ဒီတိုင်းလုပ်ဖော်ကိုင်ဖက်ပဲရှိတော့တာပါ၊"

တစ်လုံးချင်း လေးကန်စွာFotပြောနေမိသည်

"အပြည့်စုံပြောပြလို့ရမလား၊အကိုတို့လဲ အကြံပေးလို့ရအောင်"

မျက်နှာလေးညိုးနေတဲ့ Fotကိုကြည့်ကာ Markကပြောလာခဲ့သည်

"အဲ့ညက သူနဲ့ကျွန်တော်ဖြစ်ခဲ့ကြတယ်၊"

"Shitt!"

Fotက ရှက်ရွံ့စွာပြောလိုက်တော့ အကိုနှစ်ယောက်လုံးရဲ့ဆဲသံထွက်လာခဲ့သည်

"အကိုတို့ကျွန်တော့်ကိုအထင်သေးသွားမလား"

Fotအားငယ်စွာ မေးမိတော့အကိုတွေကပြန်ဖြေလာသည်

"မဟုတ်တာ ဒါကဖြစ်တတ်တာပဲ၊အကိုတို့အံ့ဩယုံပါ၊ဝမ်းလဲသာတယ်နော်"

"ဒါပေမယ့် ကျွန်တော်အဲ့ညကမေးတော့ သူကကျွန်တော့်ကိုကြိုက်တယ်တဲ့၊မနက်ကျမေးတော့ သူငယ်ချင်းပဲတဲ့လေ၊ကြိုက်တယ်လို့ပြောတာ စိတ်ထဲကမပါဘူးတဲ့"

Idolခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပြီးနောက်(Complete)Where stories live. Discover now