Meeting again 💐🤍Part 1

14 0 0
                                    

အပိုင်း ၁
၂၀၁၇,
လေရူးတွေကတိုက်တိုက်နဲ့ ရွက်ဟောင်းတွေကြွေတဲ့ရာသီပေါ့။နွေဦးရဲ့အေငွ့အသက်တွေနဲ့အတူ စာကျက်ရင်းလဲ ရူးချင်စိတ်ပေါက်တာပေါ့😔
ဘယ်သူ့ကိုလွမ်းလို့လွမ်းရမှန်းမသိလောက်အောင်ပဲ နွေဦးရဲ့အလှကကျီစဲလွန်းနေတော့သည်။
ကလေးလိုလို အပျိုပေါက်လေးသုသုကတော့ ပြေးလိုက်လွားလိုက်နဲ့ ဆော့နေလေသည်။ကျတော်တို့ကတော့ ဆယ်တန်းစာမေးပွဲဖြေရတော့မည်ဖြစ်သဖြင့် စိတ်မောနေကြရသည်။
ထိုကလေးမလေးလို လွတ်လပ်ချင်မိတော့သည်။သုသုရဲ့အသားရေလေးက ၀င်းဝါပြီး ချောမွတ်နေသည်။သုသု‌ေလးက ၆တန်းဆိုတော့ပေါပါးနေတယ်လေ။သုသုရဲ့ ဆံပင်တိုတို ဘိုကေလေးနဲ့သူမလေးကတော့ အိပ်လိုက်စားလိုက်ပင်ဖြစ်နေလေသည်။သုသုဆိုတဲ့ကလေးမလေးက ကျွန်တော်တို့ဘော်ဒါအုပ်ရဲ့သမီးလေးဖြစ်သည့်အပြင် စာလဲ အလွန်တော်သည်။
သုသုအကြောင်းမတွေးနေတော့ဘဲ စာဘဲ ဆက်ကြည့်နေမိတော့သည်။
**********

သုံးလခန့်ကြာသော်,

"သားရေ မင်းစာမေးပွဲအောင်တယ်ကွ"
"ဟာ ဆရာကြီး တကယ်လားဗျာ့!!!"
"တကယ်ပေါ့ကွ ငါတို့ဆီအမြန်လာခဲ့"
"ကျွန်တော် မျက်နှာသစ်ပြီးလာခဲ့မယ် ဆရာ"
ကျွန်တော့အတွက်တော့ သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ကျွန်တော်ဟာ လူမိုက်တစ်ယောက်ပါဗျာ။ကျွန်တော်ဖြစ်ချင်တာဘယ်ဟာမဆိုဦးစားပေးပြီး ဆယ်တန်းနှစ်အတွင်းမှာ အလိမ်မာဆုံးနဲ့ စာသေချာကြိုးစားခဲ့တာတော့အမှန်ပေ။ကျွန်တော့ဘ၀ရဲ့တစ်လျောက်လုံးမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းက အလိမ်မာဆုံးကာလပဲဖြစ်သည်။တစ်နေ့တော့ ကျွန်တော့ဆရာကြီးကို ကျေးဇူးဆပ်ဖြစ်အောင် ဆပ်မည်ဟုတွေးထားသည်။
ထိုနေ့က ကျွန်တော့ဘ၀ရဲ့ နောက်ဆုံးပျော်ရွှင်မှူဖြစ်မှန်းတော့ ကြိုမသိခဲ့ရပေ။

********
🤍💐

"သုသုမရေ"
"ဟဲ့ ဘာလို့အော်တေတာလဲဟ"
"နင့်အကိုကြက အောင်သွားပြီတဲ့"
"ဟယ် တော်လိုက်တာ "
"အမှတ်ပေါင်းဆို၄၀၀ကျော်တယ်တဲ့ဟာ သိပ်တော်တာပဲ"
"အေးဟာ ၀မ်းသာလိုက်တာ"
"နင့်အကိုကြီး ခဏနေလာမယ်ကြားတယ်ဟ
နင်သွားပြီး ဂုဏ်ပြုစကားပြောလိုက်!"
"ဟုတ် အခုရေချိုးလိုက်အုံးမယ်"

သိပ်သဘောကျနေရတဲ့အကိုကြီးက အခုတော့အောင်ပြီဆိုတော့ဝေးရတော့မည်ကိုတွေးပြီး သုသုမပျော်တော့ပါ။
ရေချိုးသန့်စင်ပြီး သုသုကလေးက အိမ်အောက်မှာ ဘောလုံးကန်နေခဲ့သည်။
ခဏအကြာတွင် ဆိုင်ကယ်ကြီးဖြင့်ရောက်ချလာသည့် မင်းသစ်ကိုတွေ့လိုက်ရလေသည်။
"ဟိတ် ကလေးမ"

"ဘာလဲ?"
"ဆရာကြီးရှိလား "
"သုက သူ့ကိုလိုက်ကြည့်နေတာမှ မဟုတ်တာ ဘယ်သိမလဲ🙁"
"ဟာ ဒီကလေးမတော့ အကျင့်က မပျောက်ဘူး"
"ဘာဖြစ်လဲ အဲ့တော့☹️"
"တော်ပြီ မင်းနဲ့မပြောတော့ဘူး။"ဟုပြောပြီး အိမ်ထဲ ၀င်သွားတော့သည်။
(အပြောအဆိုမတတ်လို့ ဘဲမရတာ
အသုက😑🥲)

ခဏလေးအကြာမှာတော့ မင်းသစ်လဲ အိမ်ထဲက ထွက်ပြီး ထိုကလေးမကို မျက်စောင့်ထိုးကြည့်ပြီး ဆိုင်ကယ်နဲ့ထွက်သွားလေတော့သည်။😒

ထိုတစ်ခါတွေ့ဆုံခြင်းက သုသုနဲ့မင်းသစ်အတွက်ငါးနှစ်တာမျှကြာခဲ့လေတော့သည်။

Meeting again 💐🤍Where stories live. Discover now