2022,July
သုသုကလေးဟာ အရွယ်ရောက်ပြီးလှပလိုလာသည်။ဆံပင်တွေကတော့ ထုံး okစံအတိုင်းမဟုတ်တော့ဘဲ နှစ်ထပ်ကေကိုမှ ဂုတ်ထောက်လေးဖြစ်လာတော့သည်။သုသုဘာသာတောင်မယုံကြည်ဘဲ စာအရမ်းပျင်းတဲ့သူမလေးက ဂိုက်ဆရာအဖြစ်နဲ့ တောင်ပေါ်ရွာလေးတစ်ခုမှာ လုပ်အားပေးဆရာမသွားလုပ်နေလေသည်။ဆရာမသာဖြစ်တာ ပုံစံနဲ့အချိုးကတော့ ကြမ်းတမ်းသည်။
မိုးရာသီကာလကြီးဖြစ်တာမလို့ မိုးချိန်းသံတို့က ဆူညံလာသည်။လေပြင်းများစွာကလည်းတိုက်ခတ်လာသည်။သူမတာ၀န်ထမ်းဆောင်တဲ့တောင်ပေါ်ဒေသလေးမှာလဲ မိုးစက်တို့က စတင်ကျလာသည်။ထိုအချိန်တွင် မျက်နှာဖြူဖြူဖွေးဖွေးနှင့်နုဖက်နေသောအသားရေလေးကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးငယ်ငယ်လေးက သုသုစာသင်တဲ့ကျောင်းခန်းထဲသို့၀င်လာခဲ့သည်။
ဆံပင်လေး ဖိုရိုဖားယားနဲ့ဖြစ်နေလေသည်။ကျောပိုးအိတ်ကို အတင်းပစ်ချလိုက်ပြီး သုသုနားသွားလိုက်တော့သည်။
"ဟိတ် ဟိတ် မင်းဘယ်သူလဲ"
"တီချယ် သမီးက ကျောင်းသူအသစ်ပါ"
"ဪ ဘယ်ကလဲ သမီးက???
"ရွာထဲကပါပဲ တီချယ်။သမီးနာမည် ဝါးဝါးပါ အိမ်နာမည်ကတော့ ဝါယူလို့ခေါ်ပါတယ်"
"ဟုတ်ပါပြီ ကလေးမ။ဒါနဲ့ ဒို့အခန်းကG 10နော်။မင်းက G 10လား။"
"ဟုတ်ကဲ့ သမီးကG 10ပါ တီချယ်။ကျောင်းနောက်ကျသွားလို့"
"ရပါတယ် သမီးအ၀တ်တွေစိုနေတယ် သုတ်လိုက်အုံးနော်။ကျောင်းတောင်ဆင်းတော့မယ်လေ မိုးကရွာနေတော့ စာအော်ပြောလို့လဲ မရတော့ဘူး။စာသင်တာနားကြမယ်နော် ကလေးတို့"(သုသုက ကျန်တဲ့ကလေးတွေကိုပါ ထိုသို့အော်ပြောလိုက်လေသည်)ခဏအကြာတွင် ထိုကလေးမသည် သုသုနားနေခန်းထဲကို လိုက်၍လာလေသည်။
သုသုမှာလဲ ဝါသနာတော့မပါပေမဲ့ အိမ်ကမိဘတွေနဲ့ပြသနာတတ်ပြီး တောင်ပေါ်ဒေသလေးမှာ အေးချမ်းရာ အေးချမ်းကြောင်းလာနေသူဖြစ်သည်။မိဘတွေနဲ့ တူတူနေခဲ့ကြသည့်အိမ်အကြောင်းကိုတွေးနေရင်း ပြေးလွားပြီးဝါးယူ ကောက်လာခဲ့သည်။"တီချယ် မမ!"
"ဟော ဘာဖြစ်ပြန်ပြီလဲ"
"သမီး မေးစရာရှိလို့ တီချယ့်ကို"
"အေးမေးလေ ဘာလို့လဲ သမီး"
"တီချယ်က သမီးအမနဲ့ တူလို့!!
"ဘယ်လို??"(ရှက်ပြုံးလေးပြုံးလျက်)
"ဟုတ်တယ် တီချယ်ရဲ့ သမီးအမနဲ့ရုပ်တူလို့"
"ဟုတ်ပါပြီ ကလေးမရယ် အိမ်မပြန်သေးဘူးလား ။ကျောင်းဆင်းတော့မယ်လေ။"
"ဟုတ် ပြန်လို့မရသေးဘူး အဖေမှ လာမကြိုသေးတာ😁"
"ဒါနဲ့ သမီးက ဒီရွာက ဟုတ်လို့လား။တီချယ်ပြောင်းလာတာ ၂နှစ်ကျော်နေပြီ သမီးကိုမတွေ့ဖူးလို့လေ"
"ဒီရွာကတော့ မဟုတ်ဘူးချယ် သမီးက နေပြည်တော်ကပါ။
"ဟုတ်လား တီချယ့်ဇာတိနဲ့ တူတာပဲ"
"ဟယ် မိုက်တာပေါ့ ။ဒါနဲ့ အသက်ကရော"
"ဘယ်လောက်လို့ထင်လဲ??
"စိတ်တော့မဆိုးနဲ့ ချယ်ရယ် ၂၀လို့ပဲ ထင်တယ်🥲"
"ဟာ ဒါဆို စိတ်ဆိုးသွားပြီ ။ချယ့်အသက်ကို သမီးကသိနေတာပဲ"
"အယ် မှန်နေတာပဲကို။သမီးနဲ့ဆို ၅နှစ်ပဲကွာတာလေ။"
"ဟုတ်ပါပြီ စာစစ်တော့မယ်နော်။"
"ဟုတ်ကဲ့။သမီး တီချယ့်ကို မထည့်ခေါ်ရင်ရလား"
"သဘောပါကွယ် ။တီချယ်ကနောက်နှစ်ဆို ဇာတိကိုပြန်တော့မှာလေ။"
"အဲ့တာဆို သမီးလဲ လိုက်ပြောင်းခဲ့မယ်လေ။"
"ဟုတ်ပါပြီ"(သုသုလဲ စကားပြောပြီး စာပဲ ဆက်စစ်နေခဲ့တော့သည်)
သူမလေးက တကယ်ကိုချစ်စရာလေးပါ။အပြုံးချိုချိုနဲ့ စကားပြောတတ်သူလေးဖြစ်သည်။ပထမဆုံးရင်ခုန်မိလေတော့သည်။