Chapter 42

134 10 0
                                    

Chapter 42

စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် သူတို့နှစ်ယောက်လုံး အချိန်မဆွဲဘဲ နေ့လည်စာစားပြီးလျှင် လင်းလော့ချင်း၏ ယခင်ကုမ္ပဏီဟောင်းသို့ သွားခဲ့ကြသည်။

လင်းလော့ချင်း၏ လက်ရှိအေးဂျင့်အနေဖြင့် ၀ူရှင်းယွမ်သည် လင်းလော့ချင်း၏ အရင်ကုမ္ပဏီနှင့် စာချုပ်အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်သည်။

လင်းလော့ချင်းကား ကျော်ကြားမှုမရှိဘဲ ကုမ္ပဏီအတွက် မည်သည့်အကျိုးကျေးဇူးမှ မပေးစွမ်းရသေးပေ။

ဤကဲ့သို့သောအချိန်၌ ထိုသူအားခေါ်ထုတ်နိုင်ရန် လျော်ကြေးပေးလိုသော အခြားကုမ္ပဏီတစ်ခု ရှိနေသေးရာ မူလကုမ္ပဏီမှ ငြင်းဆန်စရာအကြောင်းမရှိပဲ သူ့အား ၀မ်းမြောက်၀မ်းသာဖြင့် လက်လွှတ်ပေးလိုက်လေသည်။

စာချုပ်ပြီးဆုံးခြင်းသဘောတူညီချက်ကို ရက်အနည်းငယ်အတွင်း စေ့စပ်ညှိနှိုင်းပြီးဖြစ်ရာ လင်းလော့ချင်းမှ ထိုသို့သွား၍ ဖြစ်စဥ်အား အတည်ပြုရန်သာ ကျန်တော့ပေသည်။

သူ၏ ယခင်အေးဂျင့်ဟောင်းဖြစ်သော အစ်ကိုလီလည်း သတင်းလက်ခံရရှိပြီး သူ့အားစောင့်နေကာ စာချုပ်ကို ပေးလိုက်သည်။

ထို့နောက်တွင်မူ သူတို့နှစ်ယောက်လုံးသည် တစ်ဦးနှင့်တစ်ဦး ပတ်သက်ရန် အကြောင်းရှိတော့မည်မဟုတ်ပေ။

အစ်ကိုလီသည် ထိုသူအား ချစ်ခင်တွယ်တာမှု သိပ်မရှိသော်လည်း အဆုံး၌မူ သူတို့သည် တစ်ကြိမ်တစ်ခါမျှ သိကျွမ်းခဲ့ကြသည်ပင်။

မထွက်ခွာမီ၌ သူသည် တစ်ဖက်လူအား ကြင်နာစွာ သတိပေးခဲ့၏

"မင်းဒီနယ်ပယ်မှာ အောင်မြင်တိုးတက်ချင်ရင် မျက်နှာလေးကြည့်ကောင်းရုံနဲ့ မလုံလောက်ဘူး။ မင်းမှာ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိရမယ်။ ဖြောင့်မတ်တဲ့စိတ်မရှိဘဲ အောင်မြင်ကျော်ကြားလာရင်တောင်မှ  အဲ့ဒီအောင်မြင်မှုက ရေရှည်ခံမှာမဟုတ်ဘူး"

သူပြောသည်မှာ မမှားယွင်းသလို လင်းလော့ချင်းကလည်း ၎င်းကိုထောက်ခံ၏။

"ခင်ဗျားပြောတာ မှန်ပါတယ်"

ထိုသူသည် ယခင်ကကဲ့သို့ ပြန်လည်ငြင်းခုံခြင်း မပြုသည်ကိုမြင်လျှင် အစ်ကိုလီသည် သူ့အား ထူးဆန်းစွာ အပေါ်အောက်ကြည့်လိုက်၏။

ငါက ဗီလိန်ရဲ့ပါးပါးWhere stories live. Discover now