ကျောင်းဝင်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာသော R-Series အနက်ရောင်သုံးစီး။ထိုသုံးစီး၏ နောက်တွင်တော့ BMW ကားအနက်ရောင်တစ်စီး။ဆိုင်ကယ်ပေါ်ကသုံးယောက်သည် ဆိုင်ကယ်ကို ရပ်ကာ Helmet ကိုချွတ်လိုက်လေသည်။သူတို့ Helmetအားချွတ်လိုက်တော့ လူတိုင်း၏ပါးစပ်၌....
"Woooooo!.."
ခနဲပင်ထွက်ပေါ်လာလေသည်။ထို့နောက် လူများအားလုံးရဲ့ အကြည့်တွေက ကားပေါ်ကဆင်းလာသူထံသို့။နောက်တော့ အားလုံး၏ ပါးစပ်ဖျား၌ အာမေဋိတ်သံများထွက်ပေါ်လာလေသည်။
ထိုအချင်းအရာကို ထိုလေးယောက်ကတော့ မမူ။ရိုးနေပြီဖြစ်သည်။၄ယောက်သား အပြန်အလှန်ကြည့်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်စိုက်ကြည့်ကာ Business majorဆောင်ထဲသို့ ဝင်သွားကြသည်။အားလုံးကလည်းစိုက်တစ်ကြည့်ကြည့်ပင်။
လေးယောက်သားအခန်းထဲဝင်လာတော့ အခန်းထဲကလူတွေက အရိပ်တစ်ကြည့်ကြည့်ပင်။ထို့နောက် ထိုင်ခုံနေရာအားသွားတော့ ထိုင်ခုံပေါ်၌ ပန်းစည်းတွေကော မုန့်တွေကော အများအပြား။လေးယောက်လုံး၌ ဇိုင်း ရသည်ကပိုများသည်။ထို့နောက် မုန့်တွေအား အံဆွဲထဲထည့်ကာ စာအုပ်များထုတ်လိုက်သည်။
"ဟေ့ကောင်ဝန မင်းမနေ့ကငါ့စီက ဂုန်းဆင်းသွားတာ ဒီနေ့မင်းစီကငါပြန်ဂုန်းဆင်းပြမယ်..ဟွန်း.."
ပြောပြီးရယ်နေသော ဧကသည် တစ်ခြားသူတွေအမြင်မှာ ကြက်သရေရှိသလောက် ဝနအမြင်မှာတော့ ကြက်သတုံးကောင် သောက်ခွက်နဲ့ ပိတ်ကန်ချင်စရာ။
"အေးပါကွာ..ဒါနဲ့ မင်းတို့သုံးယောက် ညကျ barသွားမှာလိုက်ကြမလား"
ဝနကမေးလည်းမေး သုံးယောက်လုံးအားတစ်ယောက်ချင်းစီသေချာကြည့်လိုက်သည်။
"အင်းလိုက်မယ်"
"အိုကေ မင်းတို့နှစ်ယောက်ကကော ဘယ်လိုလဲလိုက်မှာလား"
ဝနမေးပြီ ၅မိနစ်လောက်စဉ်းစားနေကြသော နှစ်ယောက်အားသူတို့ အပြစ်မယူ ဖြစ်နေကြဖြစ်သည်။သူတို့အတွက်ကတော့ ငယ်ငယ်လေးထဲကပေါင်းလာတာကြောင့် ဒါမျိုးတွေကရိုးနေပြီပင်။
YOU ARE READING
Beloved
Romancenameပြောင်းထားပါတယ်နော် Unicode version ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။တစ်စုံတစ်ရာတူညီမှုရှိပါက တိုက်ဆိုင်ခြင်းဟုသာ သတ်မှတ်ပေးပါ။