At the canteen
"ဟဲ့..ဟဲ့..ဟိုကိုကြည့်.."
"အေး..အဟိ..ချစ်စရာလေးတွေနော်"
"အေးဟုတ်တယ်ဟ..ဒါနဲ့မသိရင်အတွဲတွေကျလို့နော့်"
"အေးနော်Kingတွေက Daddy Typeကြီးတွေနော် ဘေးနားက ကျတော့ Babby type တွေ"
"အေးဟဲ့..ဒါနဲ့ ငါတို့ရဲ့ ရေခဲတုံးကိုကိုကြီးက ပြုံးနေတာလား"
"အေးဟုတ်တယ်ဟ အား..သေပါပြီဟာ"
ဇိုင်းတို့ဝင်လာထဲက canteenရှိလူများသည် သူတို့စီကိုသာ မျက်နှာမူကာ အတင်းတွေပြောနေကြသည်။တစ်ချို့ Fudanshiမတွေကလည်းသူတို့အား လိုက်shipနေကြသေးသည်။
ဇိုင်းတို့ထောင့်ကျကျ စားပွဲကိုရွေးကာ ဝင်ထိုင်လိုက်သည်။ထို့နောက် waitress လေးအားခေါ်ကာ စားစရာများမှာလိုက်ကြသည်။
"အားမနာနဲ့နော် မှာချင်သလောက်မှာ ပြီးရင်ဒီကောင်ရှင်းလိမ့်မယ်"
ဝန၏ အရွှန်းဖောက်စကားက ဇိုင်းကိုတည့်တည့်လာ စူးသည်။
"ဟား..ဟား.."
"ဒါနဲ့maskလေးက ဘာလို့maskတပ်ထားတာလဲ တစ်မျိုးတော့မထင်နဲ့နော် အစ်ကိုကသိချင်လို့မေးတာ.."
ဝနအမေးကြောင့် မှူးခက်နောင်သည် ခဏလောက်တွေဝေသွားရသည်။ဇိုင်း ကတော့ ဝနအား သတ်တော့မယ် မျက်လုံးတွေနှင့် ကြည့်နေလေသည်။
"မဖြေချင်မဖြေနဲ့နော် ကိုယ်ကသိချင်လို့မေးတာပါ"
"အာ..ရပါတယ်ဗျ"
"ကဲပါ မှူးရယ်ငါပဲဖြေပေးလိုက်မယ်"
ကြည်နူးလေးက ဝင်ပြောလာသည်။
"ဒီလိုပါအစ်ကိုတို့..မှူးရဲ့အမေက မှူးငယ်ငယ်ထဲကဆုံးသွားတာ.."
"အင်း.."
"မှူးအဖေက မှူးအမေဆုံးပြီး တစ်နှစ်လောက်နေတော့ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်လာတယ် ပြီးတော့အဲ့မိန်းမမှာလဲ သမီးနှစ်ယောက်နဲ့ အစပိုင်းတုန်းကတော့ မှူးပေါ်ကို ကောင်းပြကြတယ် နောက်ပိုင်း မှူးအဖေ ခရီးတွေထွက်ရတယ် မှူးအဖေလဲမရှိတော့ရော မှူးကို သူတို့ရဲ့အလုပ်တွေလည်းခိုင်းသလို နှိတ်ဆက်ကြတယ် မှူးဆို အမြဲ ဒဏ်ရာတွေနဲ့ မျက်နှာမှာလဲ ဒဏ်ရာတွေရတယ် အဲ့ကြောင့် သူများတွေမမြင်အောင် မှူးကအမြဲmaskတပ်ထားတာ.."
YOU ARE READING
Beloved
Romancenameပြောင်းထားပါတယ်နော် Unicode version ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။တစ်စုံတစ်ရာတူညီမှုရှိပါက တိုက်ဆိုင်ခြင်းဟုသာ သတ်မှတ်ပေးပါ။