"သားငယ်လေး မာမီစီခဏလာပါအုန်း"
"ဟုတ်ကဲ့"
ဇိုင်း မာမီ၏ခေါ်သံကြောင့် အခန်းထဲ၌ ဂိမ်းဆော့နေရာမှ အောက်ထပ်သို့ဆင်းကာ မာမီရှိရာနေရာသို့လာလိုက်သည်။
"ဟုတ်ကဲ့"
"အင်း..အင်း..ဒီမှာလာထိုင် မာမီပြောစရာရှိလို့"
မား၏ဘေးနား၌ ဇိုင်းဝင်ထိုင်လိုက်သည်။
"မာမီ..ဘာပြောမလို့လဲ"
ထိုအခါမှမာမီက..
"ဪ..သားကိုအကူညီတောင်းစရာရှိလို့..သားဒီနေ့အားတယ်မလား"
ဇိုင်းတို့ ဒီနေ့ တက်စရာအတန်း မရှိ ၍အိမ်၌တောင်တင်နေလေသည်။
"ဟုတ် မာမီ ကျွန်တော်ဘာကူညီရမလဲ"
"ဪ..ဒီလိုပါသားရဲ့ မာမီရဲ့LAကသူငယ်ချင်းရဲ့ သားက ဒီမှာလာကျောင်းတတ်နေတာလေ အဲ့တာ မာမီကိုဂရုစိုက်ခိုင်းလို့ ပြီးတော့ သူ့သားက မင်းရဲ့ Condoမှာနေတာလေ အဲ့တာသားသူအဆင်ပြေရဲ့လားဆိုတာကို မေးမလို့"
"အဲ့တော့ ကျွန်တော်ကသူ့စီသွားရမယ်ဆိုတယ်သဘောပေါ့ ပြီးတော့ အဲ့ကောင်လေးကို ကျွန်တော်ကဂရုစိုက်ပေးရမှာပေါ့"
ဇိုင်းအပြောကြောင့်မာမီက ပြုံးကာ..
"အင်း..အဲ့လိုပဲ ဘယ်လိုလဲ မာမီကိုကူညီမယ်မလား"
ဇိုင်းခဏလောက် စဉ်းစားပြီး..
"အက်း..ဒါပေမယ့် Give & Take နော်မား"
"ဟုတ်ပါပြီ ကဲပြောပါအုန်း မာမီသားကဘာလိုချင်တာလဲ"
"အချိန်တန်ရင် မာမီကိုပြောပြမယ် ဒါပေမယ့် အခုတော့ ကျွန်တော်မှတ်ထားလိုက်မယ်"
"ဟုတ်ပါပြီ.."
ထို့နောက် ဧည့်ခန်းထဲ၌ ရယ်သံလွင်လွင်တို့ကို ကြားနေရသည်။
_____________________________________________________________________________________
At the SZ Condo
"တီ..တီ.."
"မှူးရေဖုန်းလာနေတယ်.."
"အွန်းအွန်း လာခဲ့မယ်"
ထို့နောက် မှူးခက်နှောင်တစ်ယောက် Kitchen Roomထဲမှထွက်ကာ ဧည့်ခန်းထဲရှိ စားပေါ်ပေါ်၌ တင်ထားသောဖုန်းနှင့် airpod အားယူကာ နှား၌airpodကိုတပ်လိုက်ပြီး ဖုန်းကိုင်ကာ Kitchen Roomထဲသို့ ပြန်ဝင်လိုက်သည်။
YOU ARE READING
Beloved
Romancenameပြောင်းထားပါတယ်နော် Unicode version ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။တစ်စုံတစ်ရာတူညီမှုရှိပါက တိုက်ဆိုင်ခြင်းဟုသာ သတ်မှတ်ပေးပါ။