မနက်ခင်းမှာ သူ့ရဲ့အလင်းအား ထုတ်လွှတ်ကာအလင်းပေးနေသည့် အသူရာနေမင်းကြီး..။ထိုနေမင်း၏အလင်းရောင်ကြောင့် အဖြူရောင်ကတင်ပေါ်၌အိပ်စက်နေသော ဖြူလုံးလုံးလေးသည် ဟိုဖက်ဒီဖက်လှိမ့်ကာဖြင့် နိုးထလာလေသည်။
"အင်း......"
မှူး အသံရှည်စွဲကာ အိပ်ရာပေါ်၌ ထိုင်ကာ အပြင်းကျောစွဲပြီး မျက်လုံးအားလက်ကလေးဖြင့် ဖိပွတ်လိုက်သည်။ ထို့နောက် အိပ်ရာအားသပ်သပ်ရပ်ရပ်ခေါက်ကာ ရေချိုးခန်းထဲသို့ ကိုယ်လက်သန့်စင်ရန်ဝင်သွားလိုက်သည်။
ရေချိုးခန်းထဲရောက်တော့ ရေချိုးခန်းထဲရှိမှန်ပေါ် ပေါ်နေသည့်မျက်နှာအားသေချာကြည့်နေမိသည်။
"အင်း..ပျောက်တောင်ပျောက်တော့မယ်"
မှူး မျက်နှာအာ လက်ဖြင့်ဖွဖွလေးကိုင်ကာ ပြောလိုက်သည်။ နှာတံလုံးလုံးလေးပေါ်ရှိ အမာရွတ်သေးသေးလေးနှင့် ပါးပေါ်ရှိ အမာရွတ်မှာ နောက် နည်းနည်းလောက်ဆေးထပ်လိမ်းပေးလိုက်ရင်ပျောက်တော့မှာပင်။
"အင်း..ငါတောင် နောက်ဆိုmask တပ်စရာမလိုတော့ဘူးပဲ"
မှူး အသံတိုးတိုးလေးဖြင့်ပြောလိုက်မိသည်။ အင်း..နောက်ဆိုmask မတပ်ရတော့ဘူး။ ဒါပေမယ့် မှူးကတော့တပ်ချင်သေးသည်။ ဘာလို့ဆို မှူးမျက်နှာအား သစိမ်းတွေမြင်မှာကို ကျင့်သားရအုန်းမှာမဟုတ်သောကြောင့်..။ ဘာပဲဖြစ်ဖြစ်ပါ မှူးmask မတပ်ရတော့ရင်ပြီးရော မဟုတ်ရင် စားဝက်ခြံတွေထွက်လာမှဖြင့် ဆိုးနေအုန်းမယ်။
အင်း..မမရောဘယ်လိုနေလဲမသိဘူး..။
ထားပါနောက်အားထဲ့အချိန်မှပဲ သွားလည်တော့မယ်။ ခုတော့ ရေမြန်မြန်ချိုးရမယ် ပြီးရင် လိုအပ်တာတွေသွားဝယ်ရမယ်။
ထို့နောက်ရေချိုးခန်းထဲ၌ ရေကျသံများကိုသာကြားရတော့သည်။
____
ရေချိုးခန်းထဲမှ ထွက်လာသော မီးခိုးရောင်ဆံပင်တို့နှင့်တကွ မျက်ဝန်းပြာလေး တစ်စုံ။
မှူးရေချိုးခန်းထဲမှထွက်လာကာ ဗီရိုရှိရာသို့လာလိုက်ပြီး ဗီရိုထဲမှ အဖြူရောင်sweater လေးနှင့် Pant အဖြူလေးအား ထုတ်ကာဝတ်လိုက်သည်။ အခုမှူးရဲ့ပုံစံလေးမှာ ဝက်ဝံဖြူလေးကျလို့ ချစ်စရာလေးပင်။
YOU ARE READING
Beloved
Romancenameပြောင်းထားပါတယ်နော် Unicode version ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။တစ်စုံတစ်ရာတူညီမှုရှိပါက တိုက်ဆိုင်ခြင်းဟုသာ သတ်မှတ်ပေးပါ။