Unicode
ရုပ်ရှင်ဘုရင်မဖြစ်လာဖို့က အမျိုးသမီးဇာတ်ဆောင်အတွက် ယုတ္တိမတန်ခြင်းမရှိလှပေ။ သူမက အတော်အရည်အချင်းရှိပြီး အခြားသူတွေရဲ့ ဖျော်ဖြေမှုတွေကို စားသုံးပစ်ဖို့ မွေးဖွားလာသူဖြစ်တယ်။
ဇာတ်ကြောင်းက မူရင်းနဲ့ကွာခြားသွားပြီး ၎င်းကိုဖယ်ရှားပစ်နိုင်လိမ့်မယ်လို့ မူလက သူမ ထင်ခဲ့ပေမယ့်လည်း ဖယ်ရှားလို့မရနိုင်ဘူးလို့တော့ သူမ မမျှော်လင့်ထားမိခဲ့ပေ။
သူမက ဇာတ်ကြောင်းကို မဖယ်ရှားနိုင်ခဲ့တာကြောင့် "Impossible Challenge" reality show ကို ဧည့်သည်အဖြစ် နာနာခံခံနဲ့တက်ရောက်ဖို့သာ လုပ်နိုင်တော့တယ်။
ဖျော်ဖြေရေးနယ်ပယ်ထဲက လူသစ်တစ်ဦးအနေနဲ့ မူလပိုင်ရှင်မှာ ရည်မှန်းချက်များစွာရှိခဲ့တယ်။ သူမ နယ်ပယ်ထဲဝင်ပြီးကတည်းက နောက်နှစ်ထိတိုင်အောင် အလုပ်စီစဉ်ထားတာတွေရှိတယ်။
ဒီ reality showကို မူလပိုင်ရှင်က အတော်ကြာကြာကတည်းက လက်မှတ်ရေးထိုးထားပေမယ့်လည်း အခုချိန်ထိ ရှိုးက မှတ်တမ်းတင်ထားခြင်းမရှိသေးပေ။ ဒါ့အပြင် မူရင်းပိုင်ရှင်က ရုပ်ရှင်တစ်ကား၊ တီဗီစီးရီးတစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး နောက်နှစ်အတွက် အချိန်ဇယားက ပြည့်နှက်နေတယ်။
ကုမျန်က သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်ဖို့အတွက် သူမကိုယ်တိုင် အတန်းတစ်ခု စာရင်းပေးသွင်းသင့်တယ်လို့ ခံစားရတယ်။
လောလောဆယ်မှာ အဓိက,ကတော့ reality show ပဲ။
"Impossible Challenge" က လတ်တလောရက်တွေအတွင်းမှာ ရေပန်းအစားဆုံး reality showဖြစ်တယ်။ ပထမ seasonက အကြီးအကျယ်ပေါက်သွားခဲ့တယ်။ ဒါကြောင့် ဒုတိယ seasonစတင်ရိုက်ကူးပြီးနောက်မှာ ကြယ်ပွင့်များစွာက ဒီ reality showမှာ ပါဝင်နိုင်ဖို့ အကြံကုန်လုနီးပါး အမျိုးမျိုးကြံစည်ခဲ့ကြတယ်။ မူရင်းပိုင်ရှင်ကလည်းပဲ ပြိုင်ဘက်များစွာထဲကနေ ထင်ရှားစေဖို့ သူမရဲ့ကိုယ်ပိုင်မိသားစုနောက်ခံကို အားကိုးခဲ့ပြီး ဒုတိယseasonရဲ့ ယာယီဧည့်သည်နေရာကို ရယူခဲ့တယ်။
ဒီနေ့က "Impossible Challenge"ရဲ့ ဒုတိယ seasonတတိယအပိုင်းကို စတင်ရိုက်ကူးတဲ့နေ့ဖြစ်တယ်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)