" အာ့ "
အထုတ်အပိုးတွေဆွဲလို့ အဆောင်လှေကားပေါ်အတက် အပေါ်ကဆင်းလာသူနဲ့တိုက်မိတဲ့ခဏ လူက ယိုင်ခနဲဖြစ်သွားရတာနဲ့အတူ မျက်မှန်လေးကပါ လျောခနဲ။
ဂျွပ်
ပိုကံဆိုးတာက ကျွတ်ကျမိတဲ့ မျက်မှန်ပေါ်တက်နင်းလာတဲ့ အပေါ်ကဆင်းလာသူရဲ့ ခြေတစ်ဖက်။
သူ့မျက်မှန်လေးကတော့ ကူကယ်ရာမဲ့စွာ ကွဲကြေသွားမှာအသေအချာ။
ခေတ်စိတ်ထဲ ထောင်းခနဲ။
သာယာဝတီကနေ ပြည်အထိ ခရီးရှည်ကိုအထုပ်ပိုးတွေအပြည့်နဲ့ တစ်ယောက်တည်း highway မောင်းလာ၊ အဆောင်ပတ်ရှာပြီး အဆောင်ရောက်လို့မှ မနားရသေးခင် ပြဿနာက စတာတော့တာမဟုတ်လား။
ဒီတော့ ပုံမှန်အေးဆေးတဲ့ခေတ်တောင် ဒေါသလေးထွက်လာရတာက သိပ်တော့မဆန်း။
ထင်တဲ့အတိုင်းပါပဲ။
နှမြောတသစွာနဲ့ မျက်မှန်လေးကို ကောက်ကိုင်လိုက်တဲ့အချိန် ပင့်ကူအိမ်တွေထနေတဲ့ မျက်မှန်လေးက စိတ်မကောင်းစွာ ဆီးကြိုလာလေရဲ့။မျက်မှန်လေးကိုကောက်ကိုင်ရင်း တစ်ဖက်လူကိုကြည့်မိတဲ့အခါ...
" တောင်းပန်ပါတယ် တကယ် တကယ်မတော်လို့ပါ ထိခိုက်မိသွားသေးလားမသိဘူး "
" လူက ဘာမှမဖြစ်ပါဘူး မျက်မှန်လေးက "
" အာ မျက်မှန်အတွက်တော့ တကယ်စိတ်မကောင်းပါဘူး အဆင်ပြေရင် ခဏနေ ကျွန်တော်တို့ မြို့ထဲသွားပြီးဈေးဝယ်ရင်း မျက်မှန်လုပ်ပေးပါမယ် "
" အာ ရပါတယ် အားနာစရာ "
" မဟုတ်ပါဘူးဗျာ ကျွန်တော့်ကြောင့်ဖြစ်တာ ကျွန်တော်ပြန်ဝယ်ပေးပါမယ် မဟုတ်ရင်စိတ်ကောင်းမှာမဟုတ်ဘူး ဒီကလူ ကိုယ်တိုင်လိုက်ရွေးပါ ကားခရော မျက်မှန်ခပါ ကျွန်တော် ခံပါ့မယ် "
" ဟို အဲလိုကျ "
" လုပ်ပါဗျာ ကျွန်တော်လဲ အားနာလို့ပါ ပြန်ဝယ်ပေးပါရစေ ခင်မင်တဲ့အထိမ်းအမှတ်ပေါ့ အဲဒါလေးတော့လက်ခံပါ "
" ဟို အဲဒါဆို မျက်မှန်ဝယ်ပေးရင်ရပါပြီ ကျွန်တော်လဲ အထုပ်အပိုးယူဖို့ မြို့ထဲသွားရအုံးမှာမို့ ကားခဘာညာတော့ မလုပ်ပါနဲ့ "
YOU ARE READING
ပိုးဖလံ / ပိုးဖလံ ( ongoing )