အပိုင်း - ၇

275 19 3
                                    


ရွှေဘုံသာဆီသွားဖို့ ပြောထားကြပေမဲ့ တကယ်တမ်းလူစုဖြစ်တဲ့အခါ တန့်ကြည့်တောင်ကိုလဲ တက်ချင်ပါတယ်ဆိုတာကြောင့် နံပါတ်တစ်ဦးစားပေးက တန့်ကြည့်တောင်ဖြစ်သွားလေရဲ့။

နေမြင့်ချိန်မှာဆို တောင်တက်လို့မကောင်းဘူးမဟုတ်လား။

ဒီတော့ မနက်စောစောကတည်းက တောင်တက်ပြီးမှပဲ ဘုရားပတ်ဖူးဖို့ တညီတညာတည်းဆုံးဖြတ်လိုက်ကြတာ။

ကောင်းပြည့်ပြောထားသလိုပဲ တစ်ဖက်အဖွဲ့က သုံး‌ယောက်ဖြစ်ပြီး မိန်းကလေးနှစ်‌ယောက်နဲ့ ယောက်ျားလေးတစ်‌ယောက်။

နှစ်‌ယောက်က အတွဲဖြစ်နေတာမို့ ဆည်းဆာနိုင်ဝင်းက third wheel လေးဖြစ်နေတဲ့အပြင် သူငယ်ချင်းကလဲ အတင်းခေါ်နေပုံမို့ သူတို့ကိုပါ အဖော်စပ်လိုက်ပုံရပါတယ်။

အခုတော့ စုစုပေါင်းလူခြောက်‌ယောက်မှာ ဆည်းဆာနိုင်ဝင်းရဲ့ သူငယ်ချင်းကတစ်စီး၊ ဆည်းဆာနိုင်ဝင်းနဲ့ ကောင်းပြည့်ကတစ်စီးမို့ ခေတ်က ဂျူးမာန်သနဲ့ တစ်စီးစီးလိုက်ရတဲ့အနေအထား။

ခေတ်မှာလဲ ဆိုင်ကယ်ရှိပေမဲ့ ဂျူးမာန်သက သူနဲ့လိုက်စီးဖို့ပြောတာမို့ ခေတ်လဲမငြင်းဖြစ်တော့ဘဲ အတူစီးဖို့ဖြစ်လာရတာပါပဲ။

" ‌ဆန်း သေချာကိုင်ထား "

" အင်း "

ဂျူးမာန်သက ဆိုင်ကယ်စီးကျွမ်းပေမဲ့ တန့်ကြည့်တောင်ကိုသွားတဲ့လမ်းက နည်းနည်းကြမ်းပြီးကျဉ်းတာမို့ ဆိုင်ကယ်လေးယိမ်းတိုင်း ဂျူးမာန်သပခုံးပေါ်တင်ထားတဲ့လက်တွေက တင်းကျပ်လာရတဲ့အထိ။

ဆိုင်ကယ်စီးနေတဲ့ ဂျူးမာန်သကလဲ ဒါကိုသတိထားမိပုံနဲ့ သူ့ကိုသေချာကိုင်ထားဖို့ သတိပေးတာ မကြာခဏ။

" အမလေး! "

တစ်ချက်ထခုန်တဲ့ ဆိုင်ကယ်လေးမှာ လူပါမြောက်ခနဲတက်သွားတာမို့ ခေတ် သူ့ပခုံးကို ထိတ်လန့်တကြီး ဖျစ်ညှစ်လိုက်မိတဲ့အခါ ဂျူးမာန်သက တစ်ချက်ပြန်လှည့်ကြည့်လာတယ်။

ကြောက်ကြောက်နဲ့ ဖျစ်လိုက်မိတာ သူ တအားနာသွားလို့လားပဲ။

ဒီအခိုက်မှာပဲ ဂျူးမာန်သလက်က ခေတ်လက်ကိုဖမ်းဆွဲလိုက်ရင်း နေရာချဖက်တွယ်စေတာက သူ့ခါးဆီ။

ပိုးဖလံ / ပိုးဖလံ ( ongoing )Where stories live. Discover now