အပိုင်း - ၁၁

57 3 0
                                    


သူက ဆိုင်ကယ်မောင်းတဲ့အခါ ခေတ်က အလိုလိုနောက်ကစီးသူဖြစ်လာရပြီး နေကြာပန်းစီးကိုလဲ လက်ကကိုင်ထားရပြန်ပါတယ်။

" ဆန်း ငါတို့ သုံးပန်လှကိုပဲ အရင်သွားရအောင်နော် အဲဒီက ဘုရားမှာပဲပန်းလှူခဲ့ပြီး ‌ကျန်တဲ့နေရာတွေဆက်လည်ကြတာပေါ့ "

" အင်း သွားလေ "

ဂျူးမာန်သစကားက အကျိုးအကြောင်းသင့်တာမို့ ခေတ်ခေါင်းညိတ်လိုက်တယ်။

ဘောဘောကြီးတို့၊ ဘဲဘဲကြီးတို့၊ ဘုရားကြီးတို့ကျ ပန်းလှူဖို့အဆင်မပြေသလို ဒီတစ်လမ်းလုံးလဲ ပန်းစည်းကြီးကိုပိုက်ပြီးမလိုက်ချင်။

ဒီတော့ သုံးပန်လှဘက်ကိုခွဲထွက်ပြီးမှ  မြို့ရိုးဟောင်းတစ်လျှောက် ဘုရားဖူးရင်းပြန်ဝင်တာ အဆင်အပြေဆုံးပါပဲ။

တကယ်တော့ သုံးပန်လှက လက်သည်းကန်ရှိလို့ ကျော်ကြားတဲ့အပြင် နှစ်လေးရာကျော်ခန့်သက်တမ်းရှိကျောင်းကြီးကြောင့်လဲ နာမည်ကြီးလှပါတယ်။

နှစ်ယောက်သား အတိုင်အဖောက်ညီညီထွက်လာကြပြီး သုံးပန်လှကိုရောက်တာနဲ့ ပထမဆုံးမြင်ရတာက အတော်ကြီးမားပြီး အနည်းငယ်ပျက်စီးနေတဲ့ တိုက်ကျောင်းအိုကြီး...

အတိအကျပြောရရင်တော့ အုတ်နံရံအကာဟောင်းတွေနဲ့ အုတ်တိုင်ကြီးတွေရယ်ရယ်ပဲရှိပြီး အတွင်းဘက်မှာတော့ အခင်းတွေမရှိတော့တာမို့ ပကတိဟာလာဟင်းလင်းဖြစ်နေတဲ့ နှစ်ထပ်ကျောင်းလွတ်ကြီးရယ်ပါ။

လက်သည်းကန်ရှိနေတာကြောင့် လက်သည်းကန်ကျောင်းရယ်လို့ အလွယ်ခေါ်ကြပြီး အခုထိ ခံ့ထည်မှုတွေမပျောက်သေးတဲ့ ဒီတိုက်ကျောင်းအိုကြီးက တစ်ချိန်တစ်ခါက လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ မင်းကိုးကွယ်ခံ စာဆိုအကျော် အရှင်မဟာရဋ္ဌသာရကိုယ်တော်တိုင် သီတင်းသုံးခဲ့တယ်လို့ သတင်းမွှေးတာမို့ သူ့ခေတ်သူ့အခါမှာ ဘယ်လောက်များ ဂုဏ်သရေတင့်လိုက်၊ ဝင့်ထည်လိုက်မလဲ မှန်းဆကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။
ပန်းတွေဟာပွင့်ပြီးရင် ညှိုးနွမ်းကြွေကျရသလို...
လူတွေဟာ နုပျိုလှပပြီးရင် ဇရာထောင်းလို့ မရဏလမ်းကိုကြွရသလို...

ပိုးဖလံ / ပိုးဖလံ ( ongoing )Donde viven las historias. Descúbrelo ahora