ဂျောင်ဂုသိလိုက်သည်က ကင်မ်ထယ်ယောင်းဆိုသူ စိတ်တိုနေပြီဆိုတာ ။
ဒေါက်!ဒေါက်!
တံခါးခေါက်သံအဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ချင်း ခွာလိုက်ကြပြီး ကျွန်တော်က အသံလားရာကိုကြည့်လိုက်သည် ။
" အဟမ်း! ဝင်ခဲ့!"
ဝင်လာတဲ့သူကြောင့် ဂျွန်မျက်လုံးများဝိုင်းသွားရသည် ။ ချွဲယောင်းဘိုတဲ့လား!
" ဂျွန်... မာမီကမင်္ဂလာဝတ်စုံသွားကြည့်အောင်ခေါ်ခိုင်လိုက်တာ... "
ချွဲယောင်းဘိုက ပြုံးပြုံးလေးဖြင့် စကားဆိုတယ် ။ သို့သော် ကင်မ်ထယ်ယောင်းက မျက်မှောင်ကျုံ့ပြီးကြည့်တယ် ။ ဂျွန်က
" အွင်း...သွားမယ်လေhyung "
" သက်လှယ်... "
စကားတို့ဟာ မပြီးပြတ်သေးပါလျှက်နဲ့ တံခါးပိတ်သံကြောင့် ရပ်တန့်ရပါသည် ။
ခံစမ်းအုံးကင်မ်ထယ်ယောင်းရ! ကိုယ့်ကိုယ်ကို
ဒီစကားသာထပ်ခါထပ်ခါပြောရပေမည်။
ဆေးလိပ်ကိုပြာချပြီး ရုံးခန်းမှထွက်သွားယောင်္ကျားသား၏ ဝမ်းနည်းခြင်း ၊ အထီးကျန်ခြင်း ပုံရိပ်တွေကို မည်သူမြင်ပေးနိုင်မည်နည်းဟု မေးလျှင် ထိုယောင်္ကျားသားသည် " သက်လှယ် " လို့ဆိုပါအုံးမည် ။
.
.
.
.
________i'm Yours_______
" tay...! "
နေရောင်ခြည် ပျပျသာ ကျရောက်သော ဒီအခန်း၌ ကင်မ်ထယ်ယောင်း၏ အသံသည် သြရှာစွာပင် ဟိန်းထွက်နေပေသည် ။ ထိုအသံသည်ကား ကင်မ်၏ နောက်လိုက်ကိုခေါ်သည့် အသံ။
" ရှိ!သူဌေး.. "
နောက်လိုက်ကအလိုက်သိစွာပြန်လှန်ဖြေကြားသည်။
" မင်းတို့ရဲ့ သူဌေးကတော်က ဟောဒီ့ကဒီကောင်ကြီးကို ဘာကြောင့် မုန်းနေတာပါလိမ့်နော်... !! "
သူဌေးကတော်... ဂျွန်ဂျောင်ဂုကိုပြောနေမယ်မျက်မှန်းတန်းသိပါသည် ။ သူတို့၏ သူဌေးဟာ အားနည်းချက်တွေကိုထုတ်ပြောလိမ့်မရှိသလို ငိုကြွေးပြီးမနေတတ်ဘူး ။ တစ်ခါက ဘာကြောင့်လဲမေးကြည့်လေတော့ " ငိုကြွေးပြီး အချိန်ကုန်ခံရအောင် အားယားမနေဘူး!!! " တဲ့လေ ။ မာမာကျောကျောဆက်ဆံတတ်သော်ငြားလည်း tay ကိုတော့ ကင်မ်ထယ်ယောင်း ခင်ပါတယ်လေ ။

YOU ARE READING
I'M YOURS
Fanfictionကိုယ်အောက်ကျုံ့ပြီးပေးတဲ့ မြတ်နိုးမှုတွေက မင်းရဲ့ အတ္တကမ္ဘာထဲချာချာလည်နေတာကို မင်းက ရယ်သွေးသွမ်းခဲ့တယ် ချစ်သောရယ်..... ကိုယ်အောက်ကျုံ့ပြီးပေးတဲ့ မြတ်နိုးမှုတွေက မင်းရဲ့ အတ်တကမ်ဘာထဲချာချာလည်နေတာကို မင်းက ရယ်သွေးသွမ်းခဲ့တယ် ချစ်သောရယ်..... Zawgyi and...