Part - 3

138 9 1
                                    

Unicode

ဒီမောင်သည် ချစ်ကြိုးများရစ်ပတ်ချည်ပျိုးရင်း ချစ်သက်ဒီကြိုးမြဲဖို့ ပြစ်မှတ်သက်လှယ်ဆီသို့တိုးခဲ့မိတာတောင် ဖူးစာမဲ့ ဝေး ကွာခြင်းကြောင့် ဒီမောင်ရှုးလို့မှ မဆုံး.....
အပြစ်ခပ်ကျော့ကျော့သည် သက်လှယ်ဆိုသည့် နာမ်စားလှလှဖြင့် ဒီရင်အစုံကို ကိုင်ပေါက်ဖို့ ​ကြိုးစားလေရဲ့....
ဒါမဲ့သက်လှယ်ရယ် ဒီလိုသာ ကိုင်ပေါက်ရင် မောင့်အသဲနှလုံး ကြေကွဲသွားလိမ့်မယ်ဆိုတာ မင်းမသိလေရော့သလား...
သက်လှယ်မလိုချင်တဲ့ မောင့်ချစ်ခြင်းမေတ္တာမြတ်နိုးမှုတွေကို မောင်ကာကွယ်ချင်တာ အပြစ်မယူဘူးမလားချစ်သော...

_________________________

" ကိုယ်......မလုပ်နိုင်ဘူး...ချစ်သော..."

ထယ်ယောင်း၏ ခပ်သြသအသံအဆုံး ကျရောက်လာပါသော မျက်ဝန်းတို့မှာ နူးညံ့မှုတို့ မပါဝင်သောငြား ဒီမောင် ကင်မ်ထယ်ယောင်းမြတ်နိုးမှုတွေ တိုးမိပါရဲ့..။

" ခင်ဗျားကြောင့်လေ! ချင်ဗျားကြောင့်အခုလိုတွေဖြစ်နေတာကို ခင်ဗျားက ခေါင်းရှောင်ချင်တာလား?! "

သက်လှယ်က ခပ်ဆူဆူးငေါက်သည်ကြောင့် ကင်မ်ထယ်ယောင်း မသက်သာစွာ ဂျောင်ဂုကို ကြည့်၍သာနေခဲ့မိသည်။

" သက်လှယ်...ကိုယ်က- "

" ထွက်သွားဗျာ! ကျုပ်ကို အကျိုးမပြုနိုင်ရင် ကျုပ်နားမှာမနေနဲ့.."

ဤစကားကို မောင်ဘယ်လောက်မုန်းသည်သည်ဆိုတာ မသိလေရော့သလား ချစ်သော ။ ထယ်ယောင်းချက်ချင်းပင် ဂျောင်ဂု၏ လက်တို့အားဆွဲကိုင်ထား၍ မျက်လုံးချင်းစုံစေသည်။

" သက်လှယ်..! မောင်က...မင်းအပိုင်ပါကွာ..! မင်းခိုင်းရင်ဘညမဆိုလုပ်နိုင်တဲ့သူပါကွာ..!ခု..ခုက မောင်မင်းအပေါ်ခံစားချက်တွေ..ရှိသေးတယ်..မင်းကိုမောင်..မစွန့်လွှတ်နိုင်ဘူး..."

တွန့်ချိုးသွားသည့် သက်လှယ် မျက်ဝန်းငယ်တို့ကား မည်သည်ကို ဆိုလိုနေသည်လဲ...။

ဒီလိုပေးကမ်းရက်ရောနေတဲ့ခင်ဗျား...ကင်မ်ထယ်ယောင်း..ခင်ဗျားဟာ ထူးဆန်းပါဘိ။ ကျုပ်ပြိုလဲလိုက်ချင်ပါဘိ။ ဒါမဲ့ အတိတ်ဆိုတဲ့ စကားလုံးလှလှတွေထဲကျုပ်ပိတ်မိနေတယ်ဘဲပြောပြော.. အဲတာတွေကဘဲ ကျုပ်ကို သန်မာစေပြီး..ခင်ဗျားဆီမပြိုလဲအောင်တွန်းအားပေးနေတယ်...။

I'M YOURSWhere stories live. Discover now