ကင်မ်ဆောနူးဆိုတဲ့ကောင်လေးတစ်ယောက် သူ့အဖေကဆိုဖာပေါ်ထိုင်ပြီးသတင်းစာဖတ်နေချိန် အနားကိုသွားထိုင်ကာချွဲသံလေးဖြင့်
"ဖေဖေ?"
"အော်?"
"သားပြောပြစရာရှိတယ်"
"ဘာတုန်း?"
"မနက်ဖြန်သားလေ"
"အေး?"
"သားကလေ"
"အေးလို့၊အမလေးဟဲ့ ပြောစရာရှိမြန်မြန်မပြောဘူး တစ်လုံးချင်းစီလာပြောနေတယ်"
"သားပြောပြီနော်"
"အေး"
"သား အနုပညာကျောင်းသွားတက်မို့ပိုက်ဆံပေး" ဆိုပြီးမျက်လုံးမှိတ်ကာလက်လေးဖြန့်ထားပြီး
"ဟမ်???မရပါဘူး"
"ဖေဖေကလည်းလုပ်ပါနော် လုပ်ပါဖေဖေရယ်" ဆိုပြီးသူ့အဖေလက်ကိုကိုင်ပြီးပြောတော့
"မရဘူးလို့အစကတည်းကပြောပြီးသားပဲ အဲ့ဒါကိုပဲပြောနေတာ အခေါက်တစ်ရာရှိနေပြီ မပေးနိုင်ဘူးပိုက်ဆံ"
"သားသဘောကျနေတဲ့သူကြောင့်ပါဆိုမှ ဖေဖေကနားမလည်ပေးဘူး၊အကယ်၍သားကိုတက်ခွင့်မပေးရင်တိုက်ပေါ်ကခုန်ချမှာနော်"
"ဟာ..ပေါက်ကရတွေ၊မလုပ်ရပါဘူးအဲ့လိုတော့"
"သားဆန္ဒကိုလည်းလိုက်လျောပေးဖူးတာမဟုတ်ဘူး အခုတစ်ခေါက်လေးတောင်းဆိုမိတာကို" ဆိုပြီးငိုယို၍ပြောချိန် သူ့အမေကရောက်လာပြီး
"ငါ့သားလုပ်ချင်တာကိုငါခွင့်ပြုတယ်ယောက်ျား"
"ဟာ မိန်းမ?"
"သားလေး မေမေကခွင့်ပြုတာမို့မေမေကိုယ်တိုင်သားအဖေဆီကပိုက်ဆံယူပြီးသားလက်ထဲကိုထည့်ပေးမှာ ကြားလားသားလေး?"
"မေမေ" ဆိုပြီးအော်ပြီးပြေးဖက်ကာ
"အကောင်းဆုံးငါ့အမေက"
"ငါ့သားလေးဖြစ်ချင်တာဘာမဆိုဖြစ်စေရမှာပေါ့"
"မိန်းမ ပေါက်ကရတွေနော်၊မင်းသားကိုမင်းအလိုတွေမလိုက်စမ်းနဲ့"
"အမယ့်ရှင်ကများကျွန်မသားကိုပြောရတယ်ရှိသေး ဒီတစ်ခေါက်လေးတည်းသားဆန္ဒလိုက်လျောပေးရတဲ့ဟာကို"
YOU ARE READING
First love(Hatsukoi)✓ || Sunki🐥🦊
Fanficနီခီနဲ့ဆောနူးတို့ရဲ့ဟာသအချစ်ဇာတ်လမ်းလေး...သူတို့နှစ်ယောက်ဘယ်လိုတွေများကံသွားဆက်နေကြမလဲ?